programming လောကထဲသို့ ခြေလှမ်းအစ (သို့) programmer တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။

ဒီ article ကတော့ ကျောင်းပြီးခါစ လူတွေ၊ programming ကိုစိတ်ဝင်စားပြီး ဘာဆက်လုပ်ရမလဲစဉ်းစားနေတဲ့လူတွေအတွက်ပါ။

အရင်ဦးဆုံးအနေနဲ့ programmer တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲထက် programmer တစ်ယောက်ကဘာတွေလုပ်လဲဆိုတာကို နားလည်ထားရပါမယ်။ အကြမ်းဖြင်းအားဖြင့် ပြောရမယ်ဆိုရင် programmer ဆိုတာ code ရေးတယ်ပေ့ါ (ရှင်းသွားတာပဲ :3)။ ဆိုလိုချင်တာက concept / design တစ်ခုရှိမယ်၊ အဲ့ဒီ concept အတိုင်းရအောင် code တွေနဲ့ဖန်တီးပြီးတော့ computer ကို execute လုပ်ခိုင်းလိုက်တာပါပဲ၊ ပိုပြီးမြင်အောင်ပြောရမယ်ဆိုရင် web developer က website design တစ်ခုကို ရထားတယ်ဆိုပါစို့ အဲ့ design အတိုင်းထွက်အောင် code တွေနဲ့ ဖန်တီးပေးလိုက်တာပါ။ ဒီလောက်ဆိုရင် နားလည်လောက်ပြီထင်ပါတယ်၊ programmer တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲကိုဆက်ပြောကြတာပေါ့။

programming ကလွယ်တယ်ခက်တယ် ဆိုတာတော့ ကျနော် define မလုပ်ချင်ပါဘူး၊ လေ့လာတဲ့လူရဲ့စိတ်အားထက်သန်မှု နဲ့ ကြိုးစားမှုအပေါ်မူတည်ပြီး ဒါတွေကစကားပြောသွားမှာပါ။

  • programmer တစ်ယောက်စလုပ်တော့မယ်ဆို ဇွဲ ရှိဖို့လိုအပ်ပါတယ်၊ နေ့တိုင်း challenging အသစ် အသစ်တွေကရှိနေတဲ့ အတွက် ဒါကိုခံနိုင်ရည်ရှိဖို့လိုပါတယ်။
  • programmer တွေက ကိုယ့် boss အတွက်မဟုတ်ဘဲ ကိုယ့် အတွက်ကိုယ်လဲအလုပ်လုပ်ပေးလို့ရပါတယ်။ ကိုယ့်မှာ ideas တွေရှိခဲ့ရင် self-creation လုပ်လို့ရတယ်လို့ ပြောတာပါ။ Why you wanna start programming ? ဒီအချက်ကတော့အရေးကြီးပါတယ်။ ကိုယ်ဘာလို့ဒါကိုလေ့လာချင်တာလဲ၊ ကိုယ့်ရဲ့ career အဖြစ်လုပ်မှာလား၊ Just Hobby ပဲလား၊ Idea တွေရှိလို့ ကိုယ့်ဘာသာအကောင်အထည်ဖော်ချင်တာလား၊ ကိုယ်က programmer တစ်ယောက်ဖြစ်ဖို့ စိတ်အားထက်သန်မှု ကောင်းကောင်းရှိရဲ့လား စသည်ဖြင့် ဒါတွေကို သေချာစဉ်းစားရပါမယ်။

OK! ကိုယ်က သေချာဆုံးဖြတ်ပြီးပြီ ၊ I gonna do this ဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ကိုယ်လုပ်မယ့် sector ကိုရွေးဖို့လိုပါမယ်။ အကြမ်းဖျင်းအားဖြင့် ဆိုရင်တော့ ဒါတွေရှိပါမယ်။ article ရှည်သွားမှာဆိုးလို့ ဘယ် position ကဘာတွေလုပ်ရတယ်ဆိုတာ ယေဘုယျ ပဲ ကျနော် ပြောသွားပါမယ်။

Web Developer
web ဆိုတဲ့ အတိုင်း website/ web application တွေနဲ့ ပတ်သတ်ပြီး လုပ်ရတာပါ၊ သူ့ကိုထပ်ခွဲမယ်ဆိုရင် Frontend developer(Design), backend developer(Logic action) fullstack developer (everything to build a web project.)
Desktop Programmer – desktop application တွေရေးသားပါတယ်။
Data Scientists – အများစုကတော့ python သုံးပြီးတော့ scientific data တွေကို analyse and manipulate လုပ်ပါတယ်။
Database Administrator – အရေးပါတဲ့ data တွေကို securing, organising, and analysing လုပ်ပါတယ်။
Mobile Developer – mobile applicaiton တွေကိုရေးသားပါတယ်။ OS ပေါ်မူတည်ပြီးတော့ Android developer နဲ့ Ios developer ဆိုပြီးတော့ ကွဲပါတယ်။
DevOps – Project တွေရဲ့ Server Architecture ပိုင်းတွေကို handle လုပ်ပါတယ်။
ဒါ့အပြင်တစ်ခြား roles တွေလည်းရှိပါသေးတယ်။ ကျနော်လက်လှမ်းမှီသလောက် Road Map လေးတွေလည်း ရေးပေးလိုက်ပါမယ်။ Road Map ဆိုတာကတော့ Beginner level ကနေစပြီး professional ဖြစ်တဲ့အထိဘာတွေလေ့လာသွားရမလဲဆိုတဲ့ guide သဘောမျိုးပါ။

Web Developer Roadmap:
https://github.com/kamranahmedse/developer-roadmap
Game Developer Roadmap:
https://github.com/utilForever/game-developer-roadmap
Data Scientist Roadmap:
https://github.com/MrMimic/data-scientist-roadmap
iOS Developer Roadmap:
https://github.com/BohdanOrlov/iOS-Developer-Roadmap
React Developer Roadmap:
https://github.com/adam-golab/react-developer-roadmap
Android developer roadmap
https://github.com/tientnvn/android-developer-roadmap

ဘာလုပ်ရမလဲမသိသေးဘူး၊ စဉ်းစားနေတုန်းဆိုရင်လည်း Language တစ်ခုခုအရင်လေ့လာရင်းစဉ်းစာတာကောင်းပါတယ်။ Python, Js , Java etc. တစ်ခုခုကိုလေ့လာထားပါ။
2019 မှာ hot ဖြစ်နေတဲ့ language တွေပါ။ https://codinginfinite.com/best-programming-languages-to-learn-2019/. လေ့လာတဲ့နေရာမှာလဲ တစ်ခု ရွေးပြီးပြီဆို ဆုံးခန်းတိုင်တဲ့ အထိ လေ့လာပါ။ ဒီတစ်ခုမပြီးသေးဘူး နောက်တစ်ခုလေ့လာတယ်ဆို အကုန်အခက်အခဲတွေဖြစ်နိုင်ပါတယ်၊ တစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ရသွားပြီဆို နောက်ဟာတွေ Learn လုပ်ရတဲ့နေရာမှာလဲ လွယ်ကူလာမှာပါ။

အားလုံး ရွေးချယ်ပြီးသွားပြီဆိုရင်တော့ Learn & Practice လုပ်ရမှာပါ။ Program အသေးလေးတွေစမ်းရေးကြည့်ပါ၊ community ထဲက activity တွေကို catchup လုပ်ပါ။ နေ့တိုင်း practice & learn လုပ်နေမယ်ဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ programming language တွေမှာ fluent ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံးတစ်ခုအနေနဲ့ Building A Portfolio Of Work, ကိုယ်ဘာတွေလုပ်ထားဖူးတယ်၊ ဘယ်လောက်အထိလုပ်နိုင်တယ် စတာတွေကို Proof of work အနေနဲ့ showcase လုပ်ထားပါ။ အလုပ်ဝင်ချင်ရင်ပဲဖြစ်ဖြစ် တစ်ခြား freelancing ပဲလုပ်ရင်ဖြစ်ဖြစ် ကောင်းကောင်း အသုံးဝင်မှာပါ။

See Ya, Never Stop Learning!