IT Industry တွေတိုးတက်ပေါများလာတယ့်ခေတ်မှာ off shore projects တွေပဲဖြစ်ဖြစ် in-house projects တွေပဲဖြစ်ဖြစ် အောင်မြင်စွာပြီးဆုံးဖို့ရာ project management ကလည်း အဓိက အစိတ်အပိုင်းတစ်ခုအနေနဲ့ အရေးကြီးလာပါတယ်။ ဒီ article က ဘယ်သူတွေအတွက်လဲဆိုတော့ ကိုယ်က programmer လုပ်နေတယ် ၊ code ရေးရတာငြီးငွေ့လာတာပဲဖြစ်ဖြစ် ၊ management level ကို တတ်ချင်တာပဲဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ career ကို အပြောင်းအလဲလုပ်ပြီး challenging လုပ်ချင်တဲ့ သူတွေအတွက် ဖြစ်ပါတယ်။ အသုံးဝင်မယ်လို့လဲထင်ပါတယ်။

ကိုယ်က programmer တစ်ယောက်ဖြစ်ထားတဲ့အတွက် IT & Digital tools & technologies ကကိုယ်နဲ့ မစိမ်းတော့ဘူး။ sensitive ဖြစ်တဲ့ clients တွေ tight ဖြစ်တဲ့ deadline တွေနဲ့ကလည်းနေသားကျသင့်သလောက်ကျနေပြီ ဆိုတဲ့ အတွက်ကြောင့် PM career အတွက် လျှောက်တော့မယ် ဆိုရင် အကုန်လုံး အစကနေ စ စရာမလိုတော့ပါဘူး။ ဒါပေမဲ့လည်း further learning တွေထပ်လုပ်စရာတော့ လိုသေးပါတယ်၊ project management က ဘာလဲဆိုတာတော့ ဘယ်လိုနေရာတွေမှာ ဘယ်လိုအသုံးချရတာလဲတို့၊ လိုအပ်နေသေးတဲ့ soft skills တွေဖြည့်တာတို့အပြင် ဒီ career ကို ပြောင်းချင်တာ သေချာရဲ့ လား စသည်ဖြင့် သေချာအောင် လုပ်ထားဖို့လိုပါတယ်။

Project management ဆိုတာကတော့ ယေဘုယျ အားဖြင့် ပြောရမယ်ဆိုရင် project တစ်ခု ကို စ၊လယ်၊ဆုံး တစ်ခုလုံးကို oversee & manage လုပ်နိုင်ပြီးတော့ final result ကောင်းတစ်ခုကို deliver လုပ်ပေးရတယ်လို့ဆိုလို့ရပါတယ်။ ပြောလိုက်တာကတော့ လွယ်ပေမဲ့ လုပ်ရတဲ့ tasks တွေကတော့ စုံတယ်၊ project methodologies တွေ ရွေးချယ်ပြီးတော့ apply လုပ်တာတို့ ၊ problem solving , optimizing user experience , project management tools တွေကို devs တွေကို guide လုပ်ပေးရတာ ၊ လူခေါ်ရတာ၊ CI , CD တွေမှာလိုက်ကြည့်ပေးရတာ၊ feeback တွေကို collect & analysis ပြန်လုပ်ရတာ၊ devs တွေရဲ့ coding problems ကိုလက်ခံ နားလည်ပေးရတာတို့ စသည်ဖြင့် တော်တော်လေး လုပ်ရမယ့် အရှုပ်ထုတ်၊ အဲလေ တော်တော်လေး ရှုပ်တဲ့ အလုပ်တွေပါ။

ကိုယ့်ရဲ့ clients တွေက tech နဲ့ ပတ်သတ်တဲ့ questions တွေပြောတဲ့ထဲမှာပါလာပြီဆို ကိုယ်က ဒါတွေကို အကျွမ်းတဝင်ရှိနေပြီးသားဖြစ်တဲ့ အတွက် ပြန်ပြောရတဲ့ နေရာမှာ confidence ရှိရှိပြန်ပြောနိုင်တယ်။ task & time management ပြန်လုပ်ရတဲ့ နေရာမှာလည်း ဘယ် task က ဘယ်လောက်အချိန်ယူရင်ပြီးနိုင်တယ် ဆိုတာကို ခန့်မှန်းနိုင်နေတဲ့အတွက် အဆင်ပြေတယ်။

ပုံမှန်အားဖြင့် ဆိုရင် PM တွေရဲ့ payskill ကကောင်းတယ်လို့ပြောလို့ရတဲ့ အနေအထားတစ်ခုမှာရှိတယ်။ ဆိုလိုချင်တာက ကိုယ် က project management skill သာမက ဘူး။ tech skill တွေကိုပါ solid ရထားတဲ့အတွက် payskill ပိုင်းမှာလည်း စိတ်ပူစရာမလိုလောက်ဘူးလို့ သတ်မှတ်လို့ရလောက်တယ် (Even in local companies)။

Programming career ကနေ project management career move လုပ်တော့မယ်ဆို ဒါလေးတွေ ထပ်ပြီးတော့ စေ့စေ့စပ်စပ်သိထားဖို့လိုတယ်။

SDLC ( software development life cycle ) ကိုနားလည်အောင်လုပ်ထားရမယ်။
PTO ( product , test , optimize ) loop လုပ်တဲ့ သဘောတရားကို နားလည်ထားရမယ်။
Fundamental Programming ( ဒါကတော့ programmer ကနေ move လုပ်တဲ့လူတွေအတွက် တော့ မလိုဘူး)။
Project Management tools တွေကိုပိုင်ပိုင်နိုင်နိုင် သုံးနိုင်ရမယ်။ (basecamp, jira , backlog etc.)
User experience အပိုင်းကို နားလည်ထားရမယ်။
Client တွေနဲ့ ရော internal members တွေနဲ့ရော healthy ဖြစ်တဲ့ relationship တစ်ခုတည်ဆောက်နိုင်ရမယ်။
Management level ရောက်လာပြီဆိုရင် soft skill တွေက အများကြီးလိုအပ်လာပြီ။ လိုအပ်တဲ့ soft skill မှန်သမျှ fill up လုပ်ထားရမယ်။
Project Management Methodologies တွေကို လက်တွေ့မှာ ထိထိရောက်ရောက် အသုံးချနိုင်ရမယ်။

ကိုယ့်ရဲ့ solid technical knowledge နဲ့ dash management & soft skill တွေ ပေါင်းလိုက်ပြီဆို project management career ထဲကို ဝင်ဖို့ အသင့်ဖြစ်ပါပြီ။