ဒီနေ့ကတော့ PSR အကြောင်းလေး sharing လုပ်ပေးသွားမှာပါ၊ PHP အတွက် စံ(coding standards) တွေပဲဖြစ်ပါတယ်။ အမှန်တော့ PHP မှာ တိတိကျကျသတ်မှတ်ထားတယ့် စံ ရယ်လို့မရှိပါဘူး။ Developer တွေ ကိုယ်တိုင်ကပဲ Maintainable Code တွေ ဖြစ်အောင် naming conventions, coding styles တွေကို ဖန်တီးပြီးရေးလာကြတာပါ။ တစ်ချို့ တွေကတော့ အစအဆုံး ကိုယ့်ဘာသာရေးကြတယ်၊ တစ်ချို့ တွေကလည်း PEAR တို့ Zend Framework တို့ကို သုံးပြီးတော့ စံ ဝင်အောင်ရေးကြပါတယ်။

စံ (coding standards) ဆိုတာဘာလဲဆိုတာကိုတော့တော်တော်များများသိပြီးထားကြပြီလို့ထင်ပါတယ်။ Coding Standard က ဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲသိချင်ရင်လဲ ဒီမှာသွားကြည့်လို့ရပါတယ်
https://www.perforce.com/resources/qac/coding-standards

၂၀၀၉ ခုနှစ်မှာလုပ်တဲ့ PHP Educational Conference (https://tek.phparch.com/) မှာ devs တွေက Projects လုပ်ထုံးလုပ်နည်း ပေါ်မှာရှိတဲ့ သူတို့ရဲ့ opinions တွေကို ဆွေးနွေးခဲ့ဲကြပါတယ်။ အားလုံးထင်ထားခဲ့ဲကြတဲ့ အတိုင်းပဲ စံ (coding standards) တွေသတ်မှတ်ပြီး အဲ့ဒီအပေါ် follow လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အဖွဲ့အစည်းနာမည် ကိုတော့ PHP Standards Group လို့တောင်ပေးခဲ့ကြပါတယ်။ အခုတော့ PHP Standards Group မဟုတ်တော့ပါဘူး၊ Framework Interoperability Group (FIG) ဖြစ်သွားပါပြီ။ FIG အကြောင်းသေချာသိချင်ရင်တော့ဖြင့် ဒီမှာသွားကြည့်လို့ရပါတယ်(https://www.php-fig.org/)။

အခုလက်ရှိအထိမှာတော့ PSR ၁၃ ခု approve ဖြစ်ထားပါတယ်။
1 Basic Coding Standard
2 Coding Style Guide
3 Logger Interface
4 Autoloading Standard
6 Caching Interface
7 HTTP Message Interface
11 Container Interface
13 Hypermedia Links
14 Event Dispatcher
15 HTTP Handlers
16 Simple Cache
17 HTTP Factories
18 HTTP Client
approve ဖြစ်ထားတဲ့ PSR တွေရဲ့ အသေးစိတ်ကိုရော၊ Review,Draft,Abandoned ဖြစ်တဲ့ PSR တွေကိုရောဒီမှာကြည့်လို့ရပါတယ်(https://www.php-fig.org/psr/)။