စကားပုံတစ်ခုရှိပါတယ်။ ကိုယ်သိထားတဲ့အရာကို လက်တွေ့မှာ တစ်ကယ်အသုံးမချနိုင်ရင် အဲ့ဒီ အသိက အလကားပဲတဲ့။ ဥပမာ အနေနဲ့ ထပ်ပေးရင် ရေကန်တစ်ခုမှာရှိတဲ့ ရေအတိမ်အနက်ကို ကြည့်ရုံနဲ့ မသိနိုင်ပါဘူး၊ ကိုယ်တိုင်ဆင်းကြည့်မှ အတိမ်အနက်ကို သိလိမ့်မယ်၊ သိတဲ့အပြင် ရေထဲမှာ ဘယ်လို survive လုပ်ရလဲဆိုတာ တစ်ဖြည်းဖြည်း တတ်မြောက်သွားပါလိမ့်မယ်။ programming မှာလဲ ထိုနည်းလည်းကောင်းပါပဲ၊ ကျနော်တို့ သင်ယူထားတဲ့ အရာတွေကို လက်တွေ့အနေနဲ့ တည်ဆောက်နိုင်မှသာ တစ်ကယ်တတ်မြောက်မှာပါ။

ကျနော်ဒီလိုပြောလိုက်လို့ practical က ပိုအရေးကြီးတယ်လို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ အဲ့လိုတော့လည်းမဟုတ်ပြန်ဘူးဗျ။ ပြောရရင် practical က ပိုအရေးကြီးတယ်ဆိုပါစို့။ Universities တွေမှာ theory class ထက် practical class တွေကိုပဲပိုအာရုံစိုက်လိုက်ရအောင်၊ ဒါဆိုဘာတွေဖြစ်သွားမလဲ။

  • Programming တစ်ခုက ရာသက်ပန်တည်ရှိနေမယ်လို့ အာမ မခံနိုင်ပါဘူး။
  • Programming ကို ဝုန်းဒိုင်း တစ်ရက်နှစ်ရက်အတွင်းကောက်ရေးလိုက်လို့ရပါတယ်။ theory ကိုဒါမျိုးသွားလုပ်လို့မရပါဘူး။ စနစ်တကျလေ့လာထားမှသာအဆင်ပြေပါလိမ့်မယ်။
  • နောက်အရေးကြီးဆုံးအချက်တစ်ခုက အခုအချိန်မှာ သင်ကြားလိုက်ရတဲ့ programming နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုတော့ နားလည်သွားပါပီတဲ့။ နောင်တစ်ချိန်မှာ programming နဲ့သာမက theory ပိုင်းနဲ့ပါ ကိုင်တွယ်ဖြေရှင်းမယ့် case တွေရှိလာပြီဆိုရင် အဆင်မပြေတော့ပါဘူး။ (ဥပမာပေးရရင် ကျနော်ရေးနေရတဲ့ apps တွေ softwareတွေ တော်တော်များများမှာ ကျနော်ကိုယ်တိုင် တွက်ချက်ပေးရမယ့် ရှုပ်ရှုပ်ထွေးထွေး maths တွေ algorithms တွေမပါသေးပါဘူး။ နောင်တစ်ချိန်မှာပါလာခဲ့လို့ရှိရင် ကျနော်သာ theory တွေမရဘူးဆိုရင် ဘာမှလုပ်လို့မရတော့ပါဘူး)

ဒီနေရာမှာ ပြောချင်တာက practical မရှိဘဲနဲ့လည်း အဆင်မပြေနိုင်ဘူး၊ theory မရဘဲနဲ့လည်း အခက်အခဲမှန်သမျှ မကျော်လွှားနိုင်ပါဘူး။ ဆိုတော့ ငါက practical ဆရာကြီး၊ ငါက theory အပိုင်ဆုံးလို့ ငြင်းခုန်နေမယ့်အစား နှစ်ခုစလုံးကို လုံလောက်စွာလေ့လာဖို့၊ လေ့ကျင့်ဖို့လိုအပ်ပါတယ်။ practical ဆိုတာ သက်သက် box တစ်ခု၊ theory ဆိုတာ သက်သက် box တစ်ခုဆိုတာမှန်ပေမဲ့ လိုအပ်လာတဲ့အချိန်မှာလည်း နှစ်ခုလုံးကိုလဲ တစ်ပြိုင်နက်တည်းအသုံးချနိုင်ရပါမယ်။

  • Theory ပဲတတ်ထားတဲ့လူကလည်းကိုယ်တတ်ထားတဲ့ theory တွေကို practical တွေလုပ်ရင်း apply လုပ်ပြီး လက်ရည်သွေးဖို့လိုပါတယ်။
  • Practical ပဲတတ်ထားတဲ့လူကလည်းကိုယ်အားနည်းတဲ့ theory ပိုင်းကိုလေ့လာပြီး နောက်တစ်ဆင့်တတ်နိုင်အောင် ဖြည့်စွက်ဖို့လိုပါတယ်။
  • Theory ရော practical ရော မရှိသေးတဲ့ လူကတော့ နှစ်ခုစလုံး တစ်ပြိုင်နက်တည်းလေ့လာတာကောင်းပါတယ်။ အခု type ထဲမှာ ကျောင်းသားတွေပါနိုင်ပါတယ်။ theory ပဲလေ့လာနေရပေမဲ့ မိမိလေ့လာထားတဲ့ theory တွေကို ပြန်ပြီး apply လုပ်နိုင်အောင်ကြိုးစားဖို့လိုအပ်ပါတယ်။

All the best. Cheers