ဒီအခေါ်အဝေါ်သုံးခုလောက်က အမြဲလိုလိုကြားနေရတာပဲ။ အလုပ်ခေါ်စာတွေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ position ကို mention လုပ်ရတဲ့အခါမှာပဲဖြစ်ဖြစ်သုံးဖြစ်နေကြပါတယ်။ တူသယောင်ထင်ရနိုင်ပေမယ့် technically အရမတူပါဘူး၊ ဒီနေ့မှာတော့ ဒီ အခေါ်အဝေါ်တွေက ဘယ်လိုတွေကွာခြားတယ်ဆိုတာ ရေးသွားပါမယ်။ တစ်ချို့ Industry တွေ company တွေကျတော့လည်း သူတို့လူတွေကို သူတို့ဘာသာပေးထားတဲ့ position name တွေနဲ့ responsibility တွေရှိတယ်၊ ဒါကတော့ ခြွင်းချက်ပေါ့။

Programmer နဲ့စလိုက်ရအောင်။

အခုပြထားတဲ့ အခေါ်အဝေါ်သုံးခုထဲမှာ responsibility အနည်းဆုံးလို့ပြောလို့ရတယ်။ ယေဘုယျအားဖြင့် programmer ဆိုတဲ့အရာကို meaning ဖွင့်ရမယ်ဆို program တွေဖန်တီးနိုင်တဲ့သူ၊ တစ်နည်းအားဖြင့် code ရေးနိုင်တဲ့သူ၊ သူ့ရဲ့ အဓိက responsibility က project ထဲမှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး task တွေကို ရေးပေးဖို့ပဲ၊ တစ်ခြား documenting လုပ်တဲ့အရာတွေ၊ testing တို့ designing တို့ user experience ပိုင်းတို့ အစရှိသဖြင့်သိပ်ပြီးဝင်စရာမလိုဘူး။

Developer

အခု position ကတော့ တော်တော်များများတွေ့နေရတဲ့ position ပါပဲ။ ခုနက ပြောထားတဲ့ programmer ကိုအဆင့်မြှင့်လိုက်ရင် developer ပုံစံမျိုးဖြစ်သွားပြီ၊ ဖြစ်ပြီဆို သူ့ရဲ့ responsibility ကလည်း ပိုပြီးများလာတယ်၊ coding development တင်မကဘဲ project တစ်ခုမှာလိုအပ်တဲ့ တစ်ခြားအပိုင်းတွေကိုလည်း involve လုပ်ပေးရတယ်၊ documenting, testing , debugging, optimization အစရှိသဖြင့်တစ်ခြားအပိုင်းတွေပါ ပါလာမှာပဲဖြစ်ပါတယ်။ responsibility ကများလာတာနဲ့အမျှ technical ပိုင်းအရ coding သာမဟုတ်ဘဲ တစ်ခြားအရာတွေကိုပါ စွမ်းဆောင်နိုင်ရမယ့်သဘောပါ။

Engineer

Software engineer, web engineer အစရှိသဖြင့်ပေါ့။ ဒီကောင်ကတော့ အကောင်းဆုံးလို့ပဲပြောရမှာပေါ့၊ engineer တစ်ယောက်ဖြစ်ဖို့ဆိုရင် သူ့မှာ engineering နဲ့ ပတ်သတ်တဲ့ theories တွေ concepts တွေရှိရမယ်၊ software engineer ဆိုလည်း computer science နဲ့ software engineering theory တွေရှိထားရမယ်။ ရှိထားရုံနဲ့တင်မဟုတ်ဘဲနဲ့ အဲ့ဒီ theory တွေကို project development လုပ်တဲ့အချိန်မှာ အသုံးချတတ်ရပါမယ်။ Developer တွေဆီကနေ မရနိုင်တဲ့ robust ဖြစ်တဲ့ ပိုကောင်းတဲ့ architecture မျိုးတွေရလာမယ်။

Engineer ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရဦးမယ်ဗျာ၊ ဒီနေ့တော့ ဒီလောက်ပါပဲ၊ နောက်မှတွေ့တာပေါ့။

28.02.2019
Hlaing Tin Htun