ဒီနေ့တော့ Internet Of Things ဆိုတဲ့ IoT အကြောင်းကိုရေးသွားမှာပဲဖြစ်ပါတယ်။ သိပြီးတဲ့လူတွေအတော်လေးရှိကြပြီလို့လဲယူဆသလို မသိသေးတဲ့လူတွေနဲ့ သေချာသိလိုတဲ့လူတွေအတွက် ရေးပေးလိုက်ပါတယ်။

IoT ဆိုတာက အခုမှထပြီးတော့ တိုးတက်လာတာမဟုတ်ပါဘူး၊ အရင်နှစ်တွေအများကြီးထဲက တစ်ဆတစ်ဆ တိုးတက်လာတဲ့အရာပါ။ ယခုလက်ရှိအထိလဲဆက်ပြီးတော့ တိုးတက်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာ ကျနော် IoT ကိုအပိုင်းသုံးပိုင်းခွဲပြီးပြောသွားပါမယ်။

  1. IoT ဆိုတာဘာလဲ နဲ့ သူ့ရဲ့ အလုပ်လုပ်ပုံ။
  2. IoT ကြောင့် ဖြစ်လာနိုင်တဲ့ Security Concerns တွေ။
  3. IoT ကို ဘယ်လို Develop မလဲ။

IoT ဆိုတာဘာလဲ နဲ့ သူ့ရဲ့ အလုပ်လုပ်ပုံ။

IoT ဆိုတာ ကျနော်တို့ရဲ့ နေထိုင်မှုဘ၀ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို နည်းပညာရဲ့ အကူအညီရယူပြီး အဆင်ပြေချောမွေ့အောင်လုပ်တဲ့အရာလို့ပြောလို့ရပါတယ်။ ကျနော်တို့နဲ့ မစိမ်းပါဘူး၊ နေ့စဉ်သူ့အကူအညီယူပြီး နေထိုင်နေကြတာပါ။ ဥပမာ မနက်မိုးလင်းလာပြီဆို ဖုန်းက alarm မြည်လာမယ်၊ ဖုန်းကနေပဲ ကိုယ်တစ်နေ့လုပ်ရမယ့် Todo တွေပြပေးမယ်။ ရာသီဥတုဘယ်လိုရှိတယ်၊ ဘယ်နေရာကလမ်းကြပ်မယ်၊ချောင်မယ် အစရှိသဖြင့်ပြပေးနေမယ်။ ကိုယ့်လက်မှာပတ်ထားတဲ့ smart watch ကနေတစ်ဆင့်လည်း ကိုယ်ညက ဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ထားလဲ၊ သွေးခုံနှုန်းမှန်လား etc ကိုတန်းကြည့်လိုက်လို့ရပါတယ်။ ဒါတွေက IoT တွေပါပဲ။ သူ့ရဲ့ အလုပ်လုပ်ပုံကရှင်းတယ် data collect လုပ်တယ်၊ cloud ပေါ်ကို connectivity တစ်ခုခုသုံးပြီးပို့တယ်။ ပြီးရင် processing လုပ်တယ်။


Data collect လုပ်တဲ့ နေရာမှာ ကျနော်တို့ နှစ်ပိုင်းပိုင်းချလို့ရပါတယ်။ User Input မပါတာနဲ့ User Input လိုအပ်တာဆိုပြီးတော့ပါ၊ User Input မလိုဘူးဆိုတာ ဥပမာ ကျနော်တို့ အိမ်သာထဲဝင်သွားတယ်။ မီးက မှိတ်နေရာကနေ တန်းပွင့်လာတယ်၊ ဒါဆို အခန်းထဲမှာ လုှုပ်ရှားမှုကို detect လုပ်နိုင်တဲ့ sensor မျိုးတွေသုံးပြီး User ရဲ့ Input သီးသန့်မလိုဘဲ အလုပ်လုပ်သွားတယ်ပေါ့၊ user input လိုတဲ့ ဟာမျိုးကျ user ကိုယ်တိုင်က Interface တစ်ခုခုကိုသုံးပြီး အလုပ်လုပ်ခိုင်းတာမျိုး၊ ဥပမာ အလုပ်ကနေအိမ်ပြန်နေပြီး၊ လမ်းမှာထဲက smartphone application ကနေတစ်ဆင့် အိမ်က aircon ကိုလှမ်းဖွင့်ထားတာမျိုး တို့ဘာတို့ ပေါ့။ ဒါဆိုရင် data collect လုပ်တဲ့အပိုင်းကိုသိပြီ။ ရလာတဲ့ data တွေကို connection တစ်ခုခုသုံးပြီးတော့ (Internet, LAN,WAN,Bluetooth etc) cloud ပေါ်ပို့ပါတယ်။အဲ့ကနေမှတစ်ဆင့် data processing ကိုလုပ်ပါတယ်။ data processing လုပ်တဲ့နေရာကတော့ အရေးပါဆုံးနေရာတစ်ခုလည်းပြောလို့ရပါတယ်။ ရလာတဲ့ data တွေအပေါ်မူတည်ပြီး decision ချရမယ့် logic တွေကိုရေးထားရလို့ပါပဲ။ ဥပမာ စိုက်ခင်းတစ်ခုကိုရေလောင်းတဲ့ system တစ်ခုမှာ မနက်တိုင်းရေလောင်းမလား၊ နေပူလာမှလောင်းမလား၊ စိုက်ခင်းက မြေကြီးခြောက်လာမှလောင်းမလား၊ လောင်းမယ်ဆိုရင်ရော ရေဘယ်လောက်လောင်းမလဲ အရမ်းခြောက်နေရင် ဘယ်လောက်လောင်းမယ်။ နေသိပ်မပူရင် ဘယ်လောက်ပဲလောင်းမယ် အစရှိသဖြင့်ပေါ့။ ဒါဆိုရင်တော့ IoT ရဲ့ အလုပ်လုပ်ပုံကို နားလည်လောက်ပြီထင်ပါတယ်။ တစ်ခြားသော real world example တွေလည်း အများကြီးရှိပါသေးတယ်။ ဒါဆိုရင် security ပိုင်းကို ကြည့်ကြရအောင်။

IoT ကြောင့် ဖြစ်လာနိုင်တဲ့ Security Concerns တွေ။

System တစ်ခုရယ်လို့ ဖြစ်လာမယ်ဆို ယိုပေါက်တွေက ရှိလာပါပြီ။ ဒီနေရာမှာတော့ ကိုယ်အသုံးပြုတဲ့ IoT ပေါ်မူတည်ပြီးတော့ privacy concerns တွေရှိလာပြီ။ အားလုံးကို Internet နဲ့ချိတ်ဆက်ထားတဲ့အတွက် data တွေအကုန်လုံးကလဲ Cloud ပေါ်ရောက်နေပါပြီ။ ဥပမာ ခုနက ပြောတဲ့ smart watch ရဲ့ security ပေါက်သွားရင် ကိုယ့်ရဲ့ တစ်နေ့တာ calorie ဘယ်လောက် burn တာကအစပါသွားပြီ၊ ဒီလူက သွေးခုန်နှုန်းဘယ်လောက်ရှိတယ်၊ အစရှိသဖြင့်ပေါ့၊ senor refrigerator ရဲ့ security ပေါက်သွားပြီဆိုရင်လည်း ဒီလူဘာတွေစားတတ်တယ်၊ ဘယ်လိုအစားအစာကြိုက်တတ်တယ်ဆိုတာကအစ ပါပြီ။ အားတတ်စရာရှိတာက ဒီလိုမျိုး problem တွေအတွက် တိကျတဲ့ solution အာမခံချက်မျိုးမပေးနိုင်သေးပါဘူး။ အခုချိန်ထိ လုပ်ဆောင်မြဲပါ။

IoT ကို ဘယ်လို Develop မလဲ။

PS. ကျနော်ကျွမ်းကျင်တဲ့အပိုင်းမဟုတ်ပါဘူး၊လိုတာရှိရင်ပြင်ပေးလို့ရပါတယ်။
နောက်ဆုံးအနေနဲ့ IoT ကို develop လုပ်တဲ့အပိုင်းမှာတော့ software coding နဲ့တင်မရတော့ပဲ device programming နဲ့ circuit ပိုင်းတွေပါလာမယ်။ Cloud service အပိုင်းကတော့ ဘယ်နေရာဖြစ်ဖြစ်လိုအပ်မှာပဲ။ development ပိုင်းမှာ အဓိကအားဖြင့် C/C++ python တို့သုံးတာကိုတွေ့ရှိရသလို တစ်ခြား ဆက်စပ်အပိုင်းတွေဖြစ်တဲ့ cloud တို့ ဘာတို့အတွက် တစ်ခြား lang တွေသုံးတာလည်း တွေ့ရပါတယ်။ Green Hacker Institute မှာတော့ ဒီအပိုင်းနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ တွေ့မိပါတယ်။

ဒီလောက်ဆိုရင်တော့ဖြင့် IoT အကြောင်းကို တော်တော်လေး cover လုပ်မိမယ်လို့ထင်ပါတယ်။ နောက်မှတွေ့တာပေါ့။