Programmer အနေနဲ့ Oversea မှာအလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့အခါ

Oversea မှာအလုပ်လုပ်ဖို့ စဉ်းစားထားတယ်ဆို အဓိကအားဖြင့် ပြင်ဆင်ထားဖို့ လိုအပ်တာနှစ်ပိုင်းရှိပါတယ်။ ဘာသာစကားနဲ့ သက်ဆိုင်ရာနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုပါ။ ဒီနေ့ ကျနော် ဘာကြောင့် အဲ့ဒီ နှစ်ခုက အရေးကြီးပြီးတော့ ပြင်ဆင်ထားဖို့လိုအပ်လဲ ရေးသွားမှာပါ။ အစကတော့ နည်းပညာအပိုင်းပဲ ဦးစားပေးပြီးရေးမလို့ ဒါပေမယ့် နှစ်ခုလုံး တစ်ပါတည်းရေးလိုက်ပါတယ်။

ဘာသာစကား နဲ့ အရင်စရအောင်။

In Your Daily Life

ဘာသာစကားက အဓိက နှစ်နေရာမှာ အသုံးပြုရမှာပါ။
Oversea မှာသွားနေပြီဆိုကတည်းက အရာရာဟာ ကိုယ့်အတွက် အသစ်ဖြစ်မှာပါ။ နေရထိုင်ရ စားရသောက်ရ တာက အစ settle down ဖြစ်ဖို့ အချိန်တစ်ခုကို ပေးပြီး ယူရပါတယ်။ ပြောချင်တာက လုပ်ငန်းခွင်ပြင်ပ မှာလည်း survive လုပ်နိုင်ဖို့အတွက် ဘာသာစကားကို သေရေးရှင်ရေးထက် ပိုတတ်ကျွမ်းထားဖို့လိုပါတယ်။ ဘာသာစကား ပိုကျွမ်းကျင်လေ ကိုယ့်ရဲ့ living life က ပို smooth ဖြစ်လေပါပဲ။ ဈေးဝယ်တာ၊ လူတွေနဲ့ communicate လုပ်ရတာ၊ သူတို့နိုင်ငံရဲ့ culture ကိုနားလည်နိုင်ဖို့ စသည်ဖြင့် အဲ့လိုနေရာတွေမှာ ဘာသာစကားက အရေးပါပါတယ်။

In Your Work

အလုပ်မှာကတော့ အရေးကြီးဆုံးပေါ့။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း communication လုပ်နိုင်ဖို့၊ client နဲ့ ချိတ်ဆက်ပြီးပြောရမယ့် အပိုင်းတွေရှိရင် အဆင်ပြေနိုင်ဖို့ ဘာသာစကားကျွမ်းကျင်မှုလိုအပ်ပါတယ်။ ကျနော်ကတော့ client နဲ့ ဆက်စပ်ပြီး လုပ်စရာမလိုဘူး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတဲ့အပိုင်းကလည်း သူလိုကိုယ်လို စကားနည်းတဲ့ လူတွေပဲဆိုတော့ သိပ်မပြောဖြစ်ဘူး။ ဒါပေမယ့် project တစ်ခုလာပြီဆို project spec တွေ document တွေက သူတို့ဘာသာစကားနဲ့ပဲသွားပါတယ်။ Japan ဆိုတာကလည်း document ပိုင်းမှာ စည်းစနစ်တကျနဲ့ သေချာလုပ်တတ်ကျပါတယ်။ ဆိုတော့ အဲ့ဒီ documents တွေဖတ်နိုင်ဖို့ ဘာသာစကားလိုပါတယ်။ ဂျပန်စာ အားနည်းတော့ အဲ့အပိုင်းမှာတော့ ကြိုးစားပြီးဖတ်ရပါတယ်။

နောက်တစ်ခုက နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု

သူကတော့ ဥပမာ ကိုယ်က web အပိုင်းနဲ့လာတယ်ဆို အဲ့အပိုင်းကို ကောင်ကောင်းနိုင်နေဖို့လိုတယ်။ တစ်ခြားအပိုင်းဆိုလည်း တစ်ခြားအပိုင်းပေါ့။ ဆိုလိုချင်တာကတော့ ကိုယ် profession လုပ်ထားတဲ့ field မှာတစ်ကယ်ကောင်းနေဖို့ပါပဲ။
အလုပ်ခေါ်စာမှာ ဒါတွေဒါတွေ ပိုင်နိုင်ရမယ်ဆိုရင် တစ်ကယ်ပိုင်နိုင်ထားတာ ကောင်းပါတယ်။ သွားယောင်လို့မရပါဘူး၊ တစ်ကယ်လုပ်ရပါတယ်။

နောက်တစ်ခုက မျက်နှာမငယ်ရပါဘူး။ ခိုင်းတဲ့ task ကို deadline အတွင်းသာသာယာယာပြီးအောင်ရေးနိုင်တယ်။ ဘယ်လိုလုပ်ရမလဲ question ပြန်ထုတ်စရာမလိုဘဲ လုပ်နိုင်ပြီဆိုမှတော့ မျက်နှာမငယ်ရတော့ပါဘူး။ အကယ်လို့ ကိုယ်က ဘာသာစကား နည်းနည်း အားနည်းတဲ့လူဆို နည်းပညာ ကျွမ်းကျင်မှုတော့ လိုက်ဖာလို့ရပါတယ်။ ဥပမာ ကိုယ်က ဒီ document က ဘာကိုဆိုလိုတာလဲဆိုတာကို သိပ်မရေရာဘူး။ ဒါပေမယ့် project domain တော်တော်များများ နားလည်ထားတဲ့ လူဆို ဒီအရာက ဘာကိုဆိုလိုချင်လဲ ၊ result ကဘယ်လိုထွက်လာစေချင်လဲဆိုတာ မှန်းနိုင်ပါတယ်။

အကယ်လို့ နည်းပညာပိုင်း မကျွမ်းကျင်ဘူးဆိုရင် အခက်အခဲကြုံရမှာတွေ အများကြီးရှိပါတယ်။ Believe me , ဘာသာစကားကျွမ်းကျင်ပြီး နည်းပညာပိုင်းအားနည်းလို့ ကြောင်ပျောက်နေတဲ့ လူတွေအများကြီးရှိပါတယ်။ ဆိုတော့ ကိုယ် profession လုပ်ထားတဲ့ field မှာ အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

အခုနောက်ပိုင်း ဂျပန် programmer career က hot လာတော့ တော်တော်များများက ဘာသာစကားကောင်းရင် အလုပ်ခေါ်ကြပါတယ်။ သူတို့ training ပြန်ပေးပါတယ်။ ကျနော်ကတော့ ဘာသာစကားနဲ့အတူ နည်းပညာပိုင်းကိုပါ တစ်ပါတည်း ရုံးခဲ့ကြဖို့ တိုက်တွန်းပါတယ်။ မဟုတ်ရင် လုပ်ငန်းခွင်မှာ တိုင်လည်ပါလိမ့်မယ်၊ ထပ်လေ့လာမယ်ဆိုရင်တောင် pressure တွေတစ်ဖက်နဲ့ လေ့လာရတာ ခရီးတွင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကြိုတင်ပြင်ဆင်လာကြပါ။

ဒီလောက်ပါပဲ၊ ကျေးဇူးတင်ပါတယ်။