ကျနော် ဒီ article မှာ Junior level ကနေ up level ကိုသွားတဲ့အချိန် experience year ကိုအဓိက ထားပြီးပြောသွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အချိန်အတိုင်းအတာတစ်ခုဆို depending on our actions , ကျနော်တို့လုပ်ဆောင်ချက်ပေါ်တွေမူတည်ပြီးတော့ ကွဲပြားသွားမှာပါ၊ may be short or longer. ဒါကြောင့် ကျနော် ဒီဆောင်းပါးမှာ တစ်ခြား အဓိက ကျတဲ့ hard & soft skills တွေကို focus လုပ်ပြီးပြောသွားမှာပဲဖြစ်ပါတယ်။

ဆိုတော့ Junior level ကနေ နောက်တစ်ဆင့်သွားတယ်ဆိုတဲ့နေရာမှာ senior level ကိုတန်းသွားတာလဲဖြစ်နိုင်တယ်။ Mid level တစ်ခုခုကိုသွားတာလဲဖြစ်နိုင်တယ်။ တစ်ချို့ ကျတော့ company regulations ပေါ်မူတည်ပြီး Junior မှာနှစ်ဆင့်ပိုင်း mid level နှစ်ဆင့် သုံးဆင့်ပိုင်း ဒါမျိုးတွေလည်းရှိတယ်။ ဒီ article မှာတော့ ယေဘုယျအားဖြင့်သွားတဲ့ Junior to Mid level or senior ကိုအဓိက ထားပြီးပြောသွားပါမယ်။

Responsibility

Position နောက်တစ်ဆင့်တတ်တော့မယ်ဆို အဲ့ဒီ position နဲ့အတူ responsibility တွေက ကပ်ပြီးပါလာပါမယ်။ ပိုမြင့်တဲ့ level ကိုသွားလေ ကိုယ် responsible လုပ်ရမယ့် actions တွေကပိုများလာလေပါပဲ၊ ဒါကြောင့် ကိုယ်သွားမယ့် level တစ်ခုကို မသွားခင်ကတည်းက အဲ့ဒီ responsibility ကို capable ဖြစ်နိုင်ထားဖို့လိုပါတယ်။ လက်တွေ့ကျကျ ပြောရရင် ကိုယ်က အစက development task တွေပဲလုပ်ရတယ်။ senior level ရောက်လာရင် testing ပါလုပ်ရမယ်ဆို၊ အဲ့ဒီ level မသွားခင်ကတည်းက ကိုယ်ထမ်းဆောင်ရမယ့် responsibility တွေကို ကြိုတင်လုပ်နိုင်ထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း management level က ကိုယ့်ရဲ့ capability ကိုသိပြီး performance review လုပ်နိုင်မှာပါ။

Being Independence

Junior level မှာတုန်းက bug တစ်ခုတတ်ရင် ဟိုလူကယ်ပါဦး၊ ဒီလူကယ်ပါဦး ဆိုပြီး အကူအညီလျှောက်တောင်းလို့ ကောင်းနေသေးပေမယ့် Mid or Senior level သွားတော့မယ်ဆို အမှီအခိုကင်းကင်း နဲ့ မိမိကိုယ်ပေါ်ရပ်တည်နိုင်ဖို့လိုအပ်ပါတယ်။ အကူအညီမတောင်းရဘူးလို့ဆိုလိုတာမဟုတ်၊ တစ်ချို့ အပိုင်းတွေမှာတော့ တစ်ခြားသူကိုမေးမှရမယ့်အပိုင်းတွေရှိပေမယ့် ဆိုလိုချင်တာက တတ်နိုင်သမျှ မိမိဘာသာ ကိစအ၀၀ကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။

Working Smart & Being Productive
ကျနော်ကတော့ working smart နဲ့ productive ဖြစ်တာကို တိုက်ရိုက်အချိုးချနိုင်တယ်လို့ထင်မိတယ်။ working smart ဆိုတာကတော့ ကျနော့်တို့ နေ့တဓူ၀ လုပ်နေရတဲ့ အလုပ်တွေအပေါ်မှာ ပုံမှန်လုပ်နေရတဲ့ routine ထက်ကို မိမိဘာသာ ဆန်းသစ်တဲ့ နည်းနဲ့ အကောင်အထည်ဖော်ပြီးလုပ်တာမျိုးတွေပေါ့၊ ဥပမာ Development Environment မှာ CI CD Setup လုပ်ထားတာ၊ automation တစ်ချို့ setup လုပ်ထားတာ၊ ကိုယ်သုံးနေကျ IDE or Editors တွေမှာ snippets တွေ create လုပ်ထားတာ စသည်ဖြင့်ပေါ့။ ပုံမှန်ဆို အချိန်ကုန် လက်ဝင်နိုင်မယ့်ဟာမျိုးတွေကို smarter way နဲ့ အချိန်ကုန်သက်သာ ပိုပြီးထိရောက်တဲ့ နည်းနဲ့ အလုပ်လုပ်တဲ့ ပုံစံမျိုးပေါ့။ ဆိုတော့ အလုပ်လုပ်တာ ပိုပြီး smart ကျလာလေလေ productive ဖြစ်ဖို့ chance ကပိုရှိလာလေလေပဲ။ ဒါကြောင့် ကိုယ်က next level သွားတော့မယ်ဆို ကိုယ်အလုပ်လုပ်တဲ့ ပုံစံကလည်း ပိုပြီးတော့ smart ကျလာဖို့လိုတယ်။

Continuous Learning & Knowledge Capacity

ဒါကတော့ အထူးတစ်လည် ပြောစရာမလိုဘူး၊ ကျနော်တို့ နယ်ပယ်က တစ်ခြားနေရာတွေထက်စာရင် ပိုပြီး အဆက်မပြတ် Learning လုပ်နေရတယ်။ မိမိရဲ့ knowledge capacity ကိုတော်လျှောက်ဖြည့်နေနိုင်မှ တော်ရာကျမယ်။ Learning လုပ်တာရပ်သွားရင် ကိုယ်ကကျန်ခဲ့မှာပဲ။ ဒါကြောင့်မို့လို့ next level သွားမယ်ဆို မိမိရဲ့ knowledge capacity ကလည်း အဲ့ဒီ level နဲ့ ထိုက်တန်တဲ့ capacity ရှိသင့်ပါတယ်။ ဒါကြောင့် လေ့လာမှုကို စဉ်ဆက်မပြတ်လုပ်ဆောင်နေဖို့လိုပါတယ်။

Soft Skills

Hard skills တွေတောက်လျှောက်ဖြည့်ထားပြီး soft skills မရှိရင်လည်း developer ကောင်းတစ်ယောက်ဖြစ်မလာနိုင်ပါတယ်။ position level တတ်လာတာနဲ့အမျှ လူတွေနဲ့ communications ကပိုပြီးများလာမှာ။ Teamwork ပိုရှိလာရမယ်၊ ကိုယ်အောက်မှာ Junior လေးတွေရှိလာနိုင်မယ်၊ Client နဲ့ တိုက်ရိုက်ထိတွေ့လာရမယ့် အချိန်တွေရှိတယ်။ ဒီလိုအချိန်တွေမှာ လိုအပ်တဲ့ သက်ဆိုင်ရာ soft skills တွေမရှိဘူးဆို အခက်တွေ့လာရနိုင်ပါတယ်။ ဒါကြောင့်မို့ soft skills တွေကိုလည်း တစ်ပါတည်း ဖြည့်တင်းပါ။

ဒီလောက်ပါပဲ၊ ဒီ article မှာ level တစ်ခုကိုသွားဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ကျနော်မပြောသွားဘူး။ ဘာလို့လဲဆိုတော့ အပေါ်က အချက်တွေက လူအစုံပေါ်မူတည်ပြီး အချိန်တွေက ကွာသွားမယ်။ ကြိုးစားပြီးဖြည့်နေတဲ့ လူဆိုအချိန်တိုနဲ့ ရောက်သွားနိုင်သလို ကြာနေတဲ့လူကလည်းကြာနေမှာပဲ၊ ကိုယ်က next level ကိုသွားချင်ပြီး မသွားနိုင်သေးဘူးဆို မိမိကိုယ်ကို ပြန်ဆန်းစစ်ပါ၊ ဘယ်အပိုင်းတွေလိုအပ်နေသေးလဲ ဖြည့်တင်းပါ။ ဒါဆိုရင် ရည်မှန်းထားတဲ့ Goals တွေကို တစ်ဆင့်ခြင်းလျှောက်သွားနိုင်မှာပါ။ လိုအပ်တာတွေရှိခဲ့ရင်လည်း ဖြည့်စွက်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။