ဒီနေ့မှာ တော်တော်များများ request လုပ်ထားကြတဲ့ Domain Name အကြောင်းကို ကျနော်ရေးသွားပါမယ်။ domain ဆိုတာဘာလဲ domain name system ဘယ်လို အလုပ်လုပ်နေလဲ၊ TLD, ccTLD, sTLD ဘယ်လိုကွာသလဲဆိုတာတွေ ထည့်သွင်းရေးသားသွားပါမယ်။

Domain ဆိုတာ မိမိရဲ့ website ရဲ့ နာမည် သို့ လိပ်စာ လို့သတ်မှတ်လို့ရတယ်၊ URL Bar မှာ address ရိုက်ထည့်လိုက်ပြီဆို မိမိရဲ့ website ကျလာတာမျိုးပေါ့။ ဒါကိုတော့ အားလုံးသိထားပြီးသားဖြစ်ကြမှာပါ။ ဒီထက်ပို detail ကြည့်မယ်ဆို ကျနော်တို့ Host လုပ်ထားတဲ့ web server တစ်နည်းအားဖြင့် computers တွေအားလုံးက Global Network ပေါ်မှာရှိပါတယ်။ အဲ့ဒီ Global Network ထဲကမှ computer တစ်လုံးဆီကို သွားချင်တယ်ဆို အဲ့ဒီ computer ရဲ့ IP ဆိုတာရှိပါတယ်။ ဥပမာ ဒီလို format နဲ့ပေါ့။ 241.781.87.7 ၊ ဆိုတော့ အဲ့ဒီ computer (website ရှိတဲ့ဆီ) ကိုသွားမယ့် အချိန်တိုင်းမှာ ဒီ IP နဲ့သွားရတာ မှတ်ရလည်းခက်တယ်၊ အဆင်လည်း မပြေတဲ့အတွက်ကြောင့် domain name တွေကို စလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဥပမာ အပေါ်က IP ကြီးမှတ်ထားရမယ့်အစား example.com ဆိုပြီးပေါ့။

Domain Name ကိုသိပြီဆိုတော့ သူတို့ ဘယ်လို အလုပ်လုပ်လဲဆိုတာ ထပ်သိရင် ပိုစိတ်ဝင်စားဖို့ကောင်းတာပေါ့။ Browser မှာ domain name ကိုရိုက်ထည့်လိုက်မယ်ဆို Global network ကိုအရင်ထွက်သွားတယ်။ အဲ့ဒီ network ကနေတစ်ဆင့် ခုနက domain နဲ့သက်ဆိုင်ရာ name server ကိုလိုက်ရှာတယ်။ Name server ဆိုတာ ကိုယ်သုံးထားတဲ့ Hosting company ပေါ်မူတည်ပြီး ကွာသွားမယ်။ ဥပမာ ကိုယ်က Digital Ocean သုံးတယ်ဆို ns1.digitalocean.com , ns2.digitalocean.com, ns3.digitalocean.com ဒီလိုမျိုးရှိမယ်။ တစ်ခြား hosting company တွေမှာလည်း သူတို့ name server ရှိတယ်။ တစ်နည်းအားဖြင့် အဲ့ဒီ name server တွေက hosting company ကလုပ်ထားတဲ့ computer တွေပဲ။ ခုနက စကားကိုပြန်ဆက်ရမယ်ဆို Global Network က nameserver ကိုလိုက်ရှာပြီး တွေ့ပြီဆို အဲ့ဒီ Hosting Company ရဲ့ Nameserver လက်ထဲအပ်လိုက်တယ်။ အဲ့ဒီ Nameserver computer တွေကနေမှတစ်ဆင့် မိမိ website တည်ရှိတဲ့ web server (computer) ဆီကို ထပ်ပြီး forward လုပ်လိုက်တယ်။ web server အကြောင်းကျနော်အရင်က ရေးဖူးတယ်၊ အောက်မှာ link ထည့်ပေးထားပါမယ်။
https://www.aprogrammer.blog/2019/12/12/web-server/

အဲ့ဒီ web server ကနေမှတစ်ဆင့် request ကို response ပြန်လုပ်ပေးလိုက်တယ်ဆိုပါတော့။

Domain Names တွေမှာလည်း extensions အမျိုးမျိုးရှိတယ်။ ကျနော်တို့ အများဆုံးမြင်ရတာတော့ .com ပေါ့၊ တစ်ခြားသော extensions တွေ .net, .blog, .org,.info အစရှိသဖြင့် အများကြီးရှိသေးတယ်။ အဲ့ဒီ extensions တွေက domain တစ်ခုရဲ့ နောက်ဆုံး (highest level) မှာရှိပါတယ်၊ ဒါကို Top Level Domain (TLD) လို့ခေါ်ပါတယ်။ TLD တွေမှာထပ်ကွဲထွက်သွားတာက ccTLD ရယ် sTLD ဆိုတာရယ်။ ပုံမှန် ကျနော်တို့ .com, .org စတာတွေနဲ့ ဆုံးတာတွေကိုတော့ ပုံမှန် TLD အဖြစ်ပဲသတ်မှတ်ပါတယ်။

ccTLD ဆိုတာကတော့ Top Level က country code နဲ့လိုက်လာတာမျိုးပေါ့၊ .mm, .uk, .jp အစရှိတဲ့ TLD တွေကိုတော့ ccTLD အဖြစ်သတ်မှတ်ပါတယ်။ နောက်တစ်ခု sTLD ဆိုတာက sponsor TLD လို့ခေါ်ပါတယ်။ community တစ်ခုကို ကိုယ်စားပြုထားတဲ့ TLD တွေပေါ့၊ ဥပမာ .edu တို့လိုမျိုးဖြစ်ပါတယ်။

ဆိုတော့ domain names တွေရှိတာက ဟုတ်ပြီ၊ ဘယ်သူတွေက ဒီ names တွေကို manage လုပ်လဲပေါ့။ ICANN လို့ခေါ်တဲ့ Internet Corporation for Assigned Names and Numbers က manage လုပ်ပါတယ်။ domain names တွေအတွက် privacy တွေ rules & regulations တွေကို သူတို့ချမှတ်ပါတယ်။ နောက်ပြီးတော့ domain name registrars (domain ရောင်းတဲ့ company) တွေကို domain ရောင်းနိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ ဥပမာ names.com တို့ godaddy တို့လို company မျိုးတွေပေါ့။

Web hosting တွေအကြောင်းပါ တစ်ခါတည်း ရေးဖို့လုပ်ထားပေမယ့် စာရှည်နေပြီဆိုတော့ web hosting အကြောင်းကို နောက် article တစ်ခုသက်သက်ရေးပေးသွားပါမယ်။