Programming လုပ်နေတဲ့လူတွေ computer ဝယ်တဲ့အခါ အသုံးဝင်နိုင်တဲ့ tips လေးတွေဖြစ်ပါတယ်။ အရေးကြီးတဲ့ article မဟုတ်ပေမယ့် ခနခန လာလာမေးကြလို့ တစ်ခါတည်း ရေးထားလိုက်တယ်။ Hardware ပိုင်း အရမ်း မသိပေမယ့် ကျနော်သိသလောက် ထည့်ပေးထားပါတယ်၊ အဆင်ပြေမယ်လို့ထင်ပါတယ်။

ဒီ article ထဲမှာတော့ ကျနော် brand အကြောင်းမပြောသွားဘဲ spec တွေအကြောင်းပဲပြောသွားမှာပါ။ ကိုယ်ကြိုက်တဲ့ brand ဝယ်သုံးနိုင်ပါတယ်။ ကျနော်တို့ အဓိက ကြည့်ရမယ့် အချက်တွေက

  • CPU
  • RAM
  • Storage
  • Display
  • Battery Life
  • Keyboard
  • Size
    တွေပဲဖြစ်ပါတယ်။

CPU

Computer တစ်လုံးဝယ်မယ်ဆို အခရာ အကျဆုံးက CPU ပဲ။ intel core i5 i7 latest gen တို့ဆိုအဆင်ပြေပါတယ်။ ကိုယ်က budget အရမ်းမနိုင်လို့ i3 ကိုရွေးရမယ်ဆိုရင် ကိုယ်က beginner တစ်ယောက်ဆိုရင်တော့ အဆင်ပြေနိုင်ပေမယ့် နောက်ပိုင်း ကိုယ်လုပ်စရာ task တွေပိုများလာတဲ့အခါ i5 i7 upgrade လုပ်ဖို့လိုလာပါလိမ့်မယ်။ တစ်ခြား CPU brand တွေဆိုလည်း intel i5 & i7 တို့ရဲ့ benchmarks တွေနဲ့ယှဉ်ကြည့်ပြီး သုံးနိုင်ပါတယ်။

RAM

CPU & RAM ကတော့ အဓိက အကျဆုံးပဲ၊ CPU ပြီးတာနဲ့ RAM ကိုကြည့်ဖို့လိုပါတယ်။ ကိုယ်လုပ်နေတဲ့ multi-tasking works တွေကို RAM ကောင်းမှသာ ကောင်းကောင်းသုံးနိုင်မှာပါ။ အကောင်းဆုံးကတော့ 16GB လောက်ပေါ့။ ဒါပေမယ့် 8GB ဆိုလည်း မဆိုးဘူးလို့ပြောလို့ရပါတယ်။ 8GB အောက်ဆိုရင်တော့ performance ကောင်းကောင်းနဲ့ run ဖို့ခဲယဉ်းပါလိမ့်မယ်၊ ကိုယ်သုံးမယ့် applications တွေပေါ်လည်းမူတည်သေးပေမယ့် 8GB, 16GB ကိုရွေးထားတာကောင်းပါတယ်။ Graphic card ကတော့ ကိုယ်က Game Development တို့ Graphic နဲ့ဆိုင်တဲ့ အလုပ်တွေမလုပ်ဘူးဆိုတော့ အရေးမကြီးပါဘူး၊ လုပ်ဖို့ရှိရင်တော့ Graphic card ထပ်စိုက်ဖို့လိုလာပါလိမ့်မယ်။

Storage

Programming လုပ်ပြီဆိုကတည်းက files and folders တွေကို အဆက်မပြတ်ထိတွေ့နေရမှာပါ။ SSD & HDD နှစ်မျိုးထဲမှာ SSD နဲ့ရနိုင်ရင်တော့ အကောင်းဆုံးပေါ့။ SSD နဲ့မရနိုင်လည်း HDD နဲ့ အဆင်ပြေပါတယ်။ space ကတော့ More than 500GB ကို recommend လုပ်ပါတယ်။ နည်းသွားပြီဆို laptop တစ်လုံးအတွက် storage ကနောက်ပိုင်း တစ်ဖြည်းဖြည်း problem ဖြစ်နိုင်ပါတယ်။

Display

Code ရေးတဲ့နေရာမှာ screen display ကောင်းကောင်းရှိမှသာ အလုပ်ကို focus လုပ်ရတာပိုကောင်းပါတယ်။ 4K mode ကတော့ အကောင်းဆုံးဖြစ်ပေမယ့် full HD mode ရရင်လည်းအဆင်ပြေပါတယ်။ ဒါကတော့ တော်တော်များများ HD mode ပါပြီးသားဖြစ်တဲ့အတွက် အရမ်းစိုးရိမ်စရာတော့မရှိပါဘူး။

Battery Life

Battery life ကကိုယ့်အပေါ်မူတည်ပါတယ်။ ကိုယ်က အပြင်သွားတာများပြီး အပြင်မှာပဲ အလုပ်လုပ်ဖြစ်တာများလား၊ တစ်နေရာမှာပဲအထိုင်များလားစသည်ဖြင့် ချင့်ချိန်ပြီး Battery power သက်တမ်းကိုရွေးချယ်နိုင်ပါတယ်။

Keyboard

Code ရေးတိုင်း keyboard နဲ့ထိတွေ့နေရမှာဖြစ်တဲ့အတွက် ကိုယ့်အတွက် keyboard က comfort ဖြစ်စေရဲ့လား ရိုက်ရတာ အဆင်ပြေရဲ့လား စသည်ဖြင့် ချင့်ချိန်လို့ရပါတယ်။

Size

Battery Life နဲ့သဘောတရားခြင်းဆင်ပါတယ်။ အပြင်သွားတာများတဲ့လူဆို သေးတဲ့ size 13 14inch တွေရွေးထားခြင်းအားဖြင့် mobility ဖြစ်စေသလို အထိုင်များတဲ့လူဆို 15 16inch တွေရွေးခြင်းအားဖြင့် screen size ကြီးကြီးရစေပါတယ်။

ကိုယ်က ပိုက်ဆံအများကြီး မသုံးနိုင်သေးဘူးဆိုရင် အပေါ်ဆုံး ၃ချက်ဖြစ်တဲ့ CPU, RAM , Storage ကိုပဲဦးစားပေး ရွေးစေချင်ပါတယ်။

Once again , ကျနော် hardware အကြောင်းအရမ်းမသိပါဘူး၊ အဆင်ပြေလောက်မယ့် အရာလေးတွေ ကျနော်သိသလောက်ပြန်ရေးထားတာပဲဖြစ်ပါတယ်။

Goodluck finding your sword.