Programming လေ့လာနေပြီး ခရီးမတွင်တဲ့ သူတွေကိုလည်း အမြဲလိုလို ကျနော်တွေ့ရတတ်တယ်။ ဒါကြောင့် ဒီနေ့မှာ programming လေ့လာနေတဲ့အချိန်မှာ ဆောင်ရန်ထက် ရှောင်ရန်လေးတွေကို ရေးပေးသွားပါမယ်။

မိမိလေ့လာနေတဲ့ အရာကို မကွဲပြားခြင်း

ပထမဆုံး အရေးကြီးတဲ့ အချက်က ကိုယ်ဘာလေ့လာမလဲဆိုတာ ကွဲကွဲပြားပြား သိဖို့လိုအပ်ပါတယ်။ ဥပမာ ကိုယ်က JS လေ့လာနေတယ်ဆိုတာ ကိုယ့်ရဲ့ focus က JS မှာပဲ ရှိနေဖို့လိုပါတယ်။ JS လေ့လာနေလို့ မပျက်သေးဘဲနဲ့ တစ်ခြားသော ဟိုယောင် ဒီယောင်ဖြစ်မယ်ဆိုလည်း progress ရှိလာမှာမဟုတ်ပါဘူး။ အခုလက်ရှိမှာ မြင်နေတွေ့နေရတာက ဘာလဲဆိုတော့ အကုန်လုံးကို လိုက်လေ့လာနေကြတာပါ။ Go ဆို Go, Flutter ဆို flutter, trendy ဖြစ်တာမှန်သမျှ လိုက်လေ့လာနေကြတယ်။ ဒီအချိန်မှာ ဘာဖြစ်လာလဲဆိုတော့ broad overview အနေနဲ့ကောင်းလာပေမယ့် တစ်ကယ်တည်း ဘယ်တစ်ခုကိုမှ မကျွမ်းကျင်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ခုခုကို ဆုံးဖြတ်ပြီး လုပ်သင့်ပါတယ်။

Framework level ကို အားကိုးလွန်ခြင်း

Original pure language ကို ပိုင်ပိုင်နိုင်နိုင် မသိသေးဘဲ framework level တတ်လေ့လာပြီး framework level မှာပဲပျော်သွားတာမျိုးတွေလည်း ရှိပါတယ်။ ဒီအချိန်မှာ ဘာဖြစ်လာမလဲဆိုတော့ foundation level အားမကောင်းခဲ့တဲ့ အတွက် နောက်တစ်ဆင့်ကို ကူးတဲ့အချိန်မှာ သိသိသာသာ အားနည်းတာတွေပေါ်လာပါလိမ့်မယ်။ နောက်တစ်ခုကတော့ behind the scene ကိုနားမလည်တော့တာမျိုးဖြစ်တတ်ပါတယ်။

Debugging မလုပ်တတ်ခြင်း/ တမင်တကာမလုပ်ခြင်း

Error တစ်ခုခုတတ်ပြီဆို error တတ်ပြီဆိုပြီ ထိုင်အော်လေ့ရှိပါတယ်။ Programming မှာ debugging မလိုက်တတ်ရင် ဘာမှဆက်လုပ်လို့မရပါဘူး၊ error တတ်သည့်တိုင် error message ကိုပြပေးထားပါတယ်။ တစ်ချို့ကျတော့ အဲ့ဒီ message ကိုမဖတ်တတ်တာ၊ တစ်ချို့ကျတော့ ဖတ်တတ်ရဲ့သားနဲ့ ဘာမှဆက်မလုပ်တာ။ ဆိုတော့ ဒီနေရာမှာ နှစ်မျိုးလုံး ကိုယ့်ရဲ့ error message reading skill နဲ့ debugging skill တွေကို တိုးတတ်အောင်လုပ်ထားဖို့လိုပါတယ်။ မဟုတ်ရင် နောက် level တတ်လို့မရနိုင်တာ အသေအချာပါပဲ။

Learning plan မရှိခြင်း

Learning plan တစ်ခုဆွဲထားပြီးတော့ အဲ့ဒီ plan အတိုင်းလျှောက်သွားတာက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အဲ့လိုမှမဟုတ်ဘဲ ရောက်တတ်ရာရာ blog တွေဖတ် ၊ တတ်လာတဲ့ tutorial မှန်သမျှကြည့်၊ အစီအစဉ်မရှိလို့ရှိရင် မှန်ကန်တဲ့ ကုန်ကြမ်းတွေ ကိုယ့်ခေါင်းထဲရောက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် Learning plan တစ်ခုလုပ်ပါ၊ ဥပမာ udemy က ဒီ course ကိုအရင်လုပ်မယ်။ ပြီးရင် ဒီစာဖတ်မယ်၊ စသည်ဖြင့် မိမိဘာသာ learning plan ချထားနိုင်ဖို့လဲလိုပါတယ်။

Destination Target & Practice မရှိခြင်း

လေ့လာပြီးတဲ့အရာမှန်သမျှ လေ့ကျင့်ထားမှုမရှိတဲ့ အခါမှာ အကုန်ပြန်မေ့သွားပါတယ်။ ကိုယ်အရှေ့ မှာဘယ်လောက်ပဲ ပင်ပင်ပန်းပန်း လေ့လာခဲ့ လေ့လာခဲ့ လေ့ကျင့်မှု မရှိတဲ့အခါကျ ခနလေးနဲ့ memory တွေက lost ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်လေ့လာထားတာမှန်သမျှကို လေ့ကျင့်ပေးနေဖို့လိုပါတယ်၊ တစ်နည်းအားဖြင့် နည်းပညာနဲ့ လက်နဲ့ မပြတ်ဖို့လိုပါတယ်။ အဲ့လိုလေ့ကျင့်တာကိုမှ target goal တစ်ခုထားပြီး လေ့ကျင့်မယ်ဆို ပိုပြီးတော့ ထိရောက်ပါတယ်။ ဥပမာ real world project တစ်ခုထွက်သည်ထိ လေ့ကျင့်ပြီး ရေးကြည့်တာမျိုးပေါ့။

Lack of consistency

လေ့လာမှုအားမကောင်းခြင်း တစ်နည်းအားဖြင့် အပျင်းကြီးတယ်ပေါ့၊ အရှေ့မှာတော့ အမှန်အကန် Learning plan တွေချထားပြီးပါရဲ့ ၊ မိမိကိုယ်တိုင်က လိုက်မလုပ်ဘူးဆိုလည်း အလကားပါပဲ။ consistency level အားကောင်းဖို့လည်းလိုပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး သက်သက် တစ်ပုဒ်ရေးထားပါသေးတယ်။ အောက်မှာ ဝင်ဖတ်ကြည့်နိုင်ပါတယ်။
https://www.aprogrammer.blog/2020/07/21/consistency/