Trending News

Developer

Writer

Trainer

ကျနော်နာမည် လှိုင်တင်ထွန်းဖြစ်ပါတယ်။ ၂၀၁၄ လောက်က programming လောကထဲစတင်ဝင်ရောက်ခဲ့ပါတယ်။ Websites, Web Applications များစွာကိုလည်း small to enterprise level အထိရေးသားခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ Japan နိုင်ငံမှာ Web Engineer အဖြစ်လုပ်ကိုင်နေပြီး A Programmer ဆိုတဲ့ page မှာလည်း Blogger & Instructor အဖြစ်လုပ်ကိုင်နေပါတယ်။

A Programmer ကဖွင့်တဲ့ course တိုင်းကို ကျနော်ကိုယ်တိုင်သင်ကြားပေးနေတာပဲဖြစ်ပါတယ်။ ကျနော်အတတ်နိုင်ဆုံး course တွေက lectures တွေကို practical ပိုင်းရော theory ပိုင်းရော balance မျှအောင်လုပ်ပေးထားတယ်၊ သင်တန်းသားတွေရဲ့ အခက်အခဲတွေကိုလည်း လက်တွေ့ကျကျ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်တယ်။ စာသင်နေရင်းနဲ့လည်း ကျောင်းသားတွေအတွက် လိုအပ်လာရင် career counselling တို့ တစ်ခြားဆွေးနွေးစရာတွေရှိလာရင်လည်း လက်ခံဆွေးနွေးပေးပါတယ်။ ကျနော်အာမခံပေးနိုင်တာကတော့ ပေးလိုက်ရတဲ့ အဖိုးအခနဲ့ တန်တဲ့ အရာတွေပြန်ရသွားမယ်ဆိုတာပါပဲ။

ကျနော်ရေးသားနေတဲ့ article series တွေကို အောက်မှာ list လုပ်ပေးထားပါတယ်။ Download ရယူနိုင်ပါတယ်။


Data Structures & Algorithms


Operating System For Programmers