Trending News

General

CORS လို့ခေါ်တဲ့ Cross Origin Resource Sharing အကြောင်း

CORS လို့ပြောလိုက်ရင် မသိတဲ့သူသိပ်မရှိလောက်ဘူး၊ Error message တစ်ခုခုကိုလဲပြေးမြင်မိကြမယ်ထင်ပါတယ်။ ဒီနေ့မှာ ကျနော် CORS အကြောင်းကို broad overview လုပ်ပေးသွားပါမယ်။ CORS က browser policy တစ်ခုပဲ၊ ဘယ်နေရာမှာသုံးလည်းဆိုတော့ website တစ်ခုကနေ တစ်ခုဆီ (technically domain တစ်ခုကနေ တစ်ခုဆီ) communication လုပ်တဲ့နေရာမှာသုံးပါတယ်။ ဆိုတော့ ဒီနေရာမှာ website တစ်ခုကနေ တစ်ခုကို request communication လုပ်တာ ပုံမှန်လိုပါပဲ၊ လုပ်လို့မရဘူးလား လို့မေးစရာမရှိပါဘူး၊ ဟုတ်တယ်ဗျ။ မရပါဘူး၊ SOP လို့ခေါ်တဲ့ Same origin…

General

Project Management တစ်ကယ်လိုအပ်လား ???

ဒီနေ့မှာတော့ IT industry တွေမှာ PM က တစ်ကယ်လိုလားမလိုဘူးလားဆိုတာကို ကျနော်နားလည်ထားသလောက်ရေးသွားမှာဖြစ်ပါတယ်။ Project Management ကလိုလားလို့ ကျနော့်ကိုလာမေးရင် ကျနော်ကတော့ လိုတယ်လို့ပဲပြန်ဖြေမှာပါ။ တစ်ကယ်လည်း (GOOD) Project Management ကလိုအပ်ပါတယ်။ good ကိုမမြင်မှာဆိုးလို့ ကွင်းပါခတ်ပေးထားပါတယ်။ PM ရဲ့ goal က ရှင်းတယ်၊ client ရဲ့ ကိုယ့် team ရဲ့ ကြားထဲမှာနေပြီး နှစ်ဦးနှစ်ဖက် လိုချင်တဲ့ goal ဆီကို ရောက်အောင်လုပ်ပေးရတာပါ။ ဒါပေမယ့် နောက်ကွယ်မှာ သူ့ရဲ့ responsibilities ကအများကြီးရှိပါတယ်။ ဘာတွေရှိလည်းဆိုတာကြည့်ရအောင်။ ပထမတစ်ချက်အနေနဲ့…

Operating System

Virtual Memory

ကျနော်အရင် article တွေမှာ memory management အကြောင်းကို part 1 2 ခွဲပြီးရေးခဲ့ဖူးပါတယ်။ အခု virtual memory ဆောင်းပါးမှာ memory management တုန်းက အကြောင်းတွေပြန်ပါတဲ့အတွက် အဲ့ဒီ article တွေပြန်ဖတ်ဖို့ recommend လုပ်ပါတယ်။ link တွေကို comment မှာတင်ပေးထားပါတယ်။ ဒါဆိုစလိုက်ကြရအောင်။ Computer တစ်လုံးက သူ့မှာ Physically သွင်းထားတဲ့ memory ထက်ပိုပြီးတော့ သုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ virtual memory ကြောင့်ပါ။ virtual memory က hard disk…

General

ပိုက်ဆံစုပါ။

စဉ်းစားကြည့်မယ်ဆို အသက်ကြီးတဲ့အထိ code ရေးမှာလား၊ အလုပ်လုပ်မှာလား ၊ရည်မှန်းချက်တစ်ခုကိုတည်ဆောက်မှာလား စသည်ဖြင် ရှေ့ရေးကိုတွေးကြည့်တဲ့အခါမှာ ဘာပဲဆုံးဖြတ်ထားဆုံးဖြတ်ထား ပိုက်ဆံက လိုအပ်ပါတယ်။ အလုပ်တွေ လုပ်နိုင်တဲ့အချိန်တုန်းမှာ ဘာမှမသိသာပေမယ့် တစ်ချိန်ချိန်မှာ ကိုယ်အလုပ်ကအနားယူတာပဲဖြစ်ဖြစ် အလုပ်လုံးဝမလုပ်နိုင်တော့တာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ပြီဆို လက်ထဲမှာပိုက်ဆံမရှိရင် သိသာလာပါလိ့မ်မယ်။ (ကိုယ့်နိုင်ငံအနေအထားနဲ့ ပင်စင်ခွန်လည်းမျှော်လင့်လို့မရပါဘူး။) ထိုနည်းလည်းကောင်းပဲ အရွယ်ရောက်လို့ ကိုယ်ရည်မှန်းချက်တွေကို ပိုက်ဆံမရှိလို့ အကောင်အထည်မဖော်ရပဲ ကိုယ်စိတ်မပါတော့တဲ့ career တစ်ခုကိုဆက်လျှောက်နေရမယ်ဆိုရင်လဲ အောင့်သက်သက်နဲ့ အဆင်မပြေလှပါဘူး။ ဒါကြောင့်လုပ်နိုင်တဲ့အရွယ်(လုပ်သင့်တဲ့အရွယ်) မှာတည်းက ကြိုတင်စုဆောင်းထားဖို့လိုပါတယ်။ တော်တော်များများအတွက် အသုံးဝင်လောက်မယ်ထင်လို့ ကျနော်သိသလောက် tips လေးတွေ ပြန် share လိုက်ပါတယ်။ ပိုက်ဆံ စ…

Operating System

I/O Management

I/O devices တွေကို manage လုပ်ဖို့ဆိုတာကလည်း OS ရဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။ I/O device ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း keyboard , mouse , drivers, usb devices စတာတွေပေါ့။ စဉ်းစားကြည့်မယ်ဆို I/O system ရဲ့ အလုပ်လုပ်ပုံက အရမ်းမရှုပ်ပါဘူး။ I/O request တွေကို system ကနေယူမယ်။ ရလာတာတွေကို I/O device တွေဆီကိုပို့ပေးမယ်။ Device တွေကနေပြန်ရလာတဲ့ response ကိုယူပြီး application level ဆီကိုပို့ဖို့ အလုပ်လုပ်မယ်။ I/O…

General

PWA (Progress Web Application)

ကိုယ့်မှာ website တစ်ခုရှိတယ်။ အဲ့ website ကို mobile phones , tablets တွေပေါ်မှာ သုံးနိုင်တဲ့ applications ပုံစံမျိုး လုပ်ချင်တယ်။ Well You can use PWA. Progressive web app လို့ခေါ်တဲ့ pwa ဆိုတဲ့ အရာက website ပုံစံမျိုးရော application ပုံစံမျိုးရောကို hybrid serve လုပ်ပေးနိုင်တယ်။ ဆိုလိုချင်တာက ကိုယ့်ရဲ့ website ကို အသုံးပြုတဲ့သူတွေကို mobility experience တစ်ခုကောင်းကောင်းပေးနိုင်တယ်။ ဘယ်လိုပေးနိုင်လဲဆိုတာဆက်ဖတ်ကြည့်ရအောင်။ PWA ကို…

Operating System

Inter Process Communication

Process တစ်ခုကိုခွဲချလိုက်ပြီဆို Independent ဖြစ်တဲ့ process နဲ့ co-operating ဖြစ်တဲ့ Process ဆိုပြီး နှစ်မျိုးရှိပါတယ်။ မှတ်ရတာတော့ လွယ်တယ်၊ independent process က အခြားသော process တွေ execution ဖြစ်နေတဲ့အချိန်မှာသူ့ကိုဘာမှလာ affect မဖြစ်ဘူး၊ co-operating ကတော့ဖြစ်တယ်။ သူ့တို့ရဲ့ သဘောတရားကိုကြည့်ပြီးတော့၊ သြော် independent process က system အတွက်ပိုကောင်းနိုင်တယ်လို့ထင်ရင် မှားမယ်။ တစ်ကယ်တမ်းတော့ co-operating process က ပိုပြီးတော့ system ရဲ့ computation speed အတွက်ရော တစ်ခြားသော…

General

Programmer တွေအတွက်ကျန်းမာရေး

နှစ်လည်း ကုန်ခါနီးပြီဆိုတော့ အားလုံးအတွက် ကိုယ်သိသလောက် ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို sharing လုပ်ပေးလိုက်ပါတယ်။ အထူးသဖြင့် ကျနော်တို့လို အထိုင်များတဲ့လူတွေအတွက်ပေါ့။ programmer တွေတင်မဟုတ်ဘဲ တစ်ခြားလူတွေအတွက်လည်း အသုံးဝင်မယ်ထင်ပါတယ်။ ကျနော်တို့ နှစ်တိုင်း နှစ်တိုင်း targets တို့ milestones တို့ထားတတ်ကြပါတယ်။ လစာပိုကောင်းလာဖို့ skill တွေပိုတတ်လာဖို့ စီးပွားရေးတွေဒီထက်အဆင်ပြေလာစေဖို့ စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့ သတိမထားမိတာ တစ်ခုက အဲ့လိုတွေလုံးပမ်းနေတဲ့ အချိန်မှာ တစ်ဖက်မှာလည်း ကျနော်တို့ရဲ့ body ကလည်း ပေးဆပ်လာရတာတွေရှိတယ်။ သတိမထားမိတဲ့ လူတွေလည်း ရှိတယ်။ ထားမိတဲ့လူတွေလည်း ရှိတယ်။…

Operating System

Memory Management Part2

Swapping swapping အကြောင်းကိုတော့ scheduling article မှာလည်းပြောသင့်သလောက်တော့ ပြောထားပြီးပါပြီ။ main memory ထဲမှာလက်ရှိ run နေတဲ့ process ကို secondary storage တစ်ခုထဲကို move လုပ်ထားပြီး အချိန်တစ်ခုကြာမှ main memory ထဲကို ပြန်ထည့်ပြီး run တယ်။ (ဘာလို့ move လုပ်ရလဲဆိုတာကတော့ run ရမယ့် process ရဲ့ memory ကကြီးလို့မဆန့်လို့ခွဲထုတ်တာလိုဖြစ်နိုင်သလို process က စောင့်ရမယ့် task တွေပါလာမယ်ဆိုရင်လဲ secondary storage ထဲကို move လုပ်ပြီးစောင့်ပါတယ်)…

Operating System

Scheduling

ပုံမှန် process manager တွေကလုပ်နေတဲ့ activity တွေဖြစ်တဲ့ process ကို remove လုပ်တာတို့ process တစ်ခုပြီးသွားရင် နောက်တစ်ခုကို select လုပ်ပြီး run တာတို့ကို process scheduling လို့ခေါ်ပါတယ်။ process scheduling က OS တစ်ခုမှာ multi processing ကိုလုပ်ပေးနိုင်ဖို့အတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။ အရင် process article မှာတုန်းက PCB Block အကြောင်းတွေပြောထားပါတယ်၊ အဲ့ဒီ PCB တွေအားလုံးက OS က Process scheduling…