Trending News

Career

စာတွေ့လေ့လာခဲ့တာတွေကို လက်တွေ့မှာအသုံးချနိုင်ဖို့ ဘာတွေပြင်ဆင်ထားသင့်လဲ။

ဟိုတစ်ရက်က programming လေ့လာတဲ့အချိန်မှာ မှားတတ်တဲ့ အမှားတွေနဲ့ ပတ်သတ်ပြီးရေးထားတဲ့ ဆောင်းပါးက တော်တော်များများအတွက် အသုံးဝင်တယ်ဆိုလို့ဝမ်းသာပါတယ်။ မဖတ်ရသေးရင် အောက်က link မှာဝင်ဖတ်နိုင်ပါတယ်။ https://www.aprogrammer.blog/2020/09/25/mistakes/ Learning လုပ်တာကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် လက်တွေ့လုပ်ငန်းခွင်ထဲဝင်ပြီဆို တစ်မျိုးတစ်ဖုံကွာခြားသွားတာတွေအများကြီးရှိပါတယ်။ ကျနော်ဒီနေ့ အဲ့ဒီ ကွာခြားချက်တွေကြားမှာ ဘယ်လို balance ဖြစ်အောင် survive လုပ်နိုင်အောင် ပြင်ဆင်ဖို့ကို ကျနော်သိသလောက် sharing လုပ်ပေးသွားပါမယ်။ လေ့လာခဲ့တာတွေကို ပြန်ဆန်းစစ်ပါ. ပထမဦးဆုံး အရေးကြီးဆုံး အချက်အနေနဲ့ ကိုယ်လေ့လာခဲ့တဲ့ အရာတွေကို တစ်ကယ်နားလည်ပြီး ကြေညက်ထားဖို့လိုပါတယ်။ အစထဲက ယောင်ဝါးဝါးဖြစ်နေမယ်ဆို နောက်ဆက်တတ်မယ့် steps…

Career

Programming Career မိတ်ဆက်

ဒီဆောင်းပါးဟာ Programming ဆိုတာကို မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်။ 10တန်းအောင်စာရင်းတွေလည်း မကြာသေးခင်ကမှ ထွက်ထားတော့ လူငယ်တွေက မိမိရှေ့ဆက်ပြီး လေ့လာရမယ့်၊ လျှောက်လှမ်းရမယ့် career အကြောင်းကို စဉ်းစားနေလောက်ကြပါပြီ။ ကျနော် ဒီနေ့ လူငယ်တွေထည့်သွင်း စဉ်းစားသင့်တဲ့ Programmer career အကြောင်းကို မိတ်ဆက်ပေးသွားပါမယ်။ အရင်ကလည်း ပြောထားခဲ့ဖူးပေမယ့်လို့ ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တာကြောင့် အသစ်ထပ်ရေးလိုက်ပါတယ်။ ပထမဦးဆုံး programming ဆိုတဲ့ ဘာသာရပ်က ဘာလဲဆိုတာကို meaning ဖွင့်ဖို့လိုပါတယ်။ ကျနော် ၁၀တန်းပြီးတုန်းကတော့ programming ဆိုတာ အသာထား၊ IT ဆိုတဲ့ စကားလုံးကိုပဲသိတယ်။ IT မှာမှ Hardware…

Career

ကောက်ရိုးမီး မဖြစ်စေဖို့

Programming လောကမှာတင်မဟုတ်ဘူး၊ ဘယ်နေရာမဆို လေ့လာသင်ယူတဲ့နေရာမှာ consistency ကောင်းဖို့လိုပါတယ်။ မြန်မာမှုပြုရရင် ဇွဲကောင်းဖို့လိုပါတယ်။ ဘာကြောင့် consistency ကောင်းဖို့လိုတာလဲပေါ့၊ အကြောင်းရင်းကတော့ consistency ကောင်းကောင်းမထားနိုင်သမျှ ကောက်ရိုးမီးပဲဖြစ်နေပြီး ဘယ်အရာမှ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာမှာမဟုတ်ဘူး။ ဒါတင်မဟုတ်ဘူး၊ ဇွဲလုံ့လ ဆုတ်ယုတ်လာပြီဆို လုပ်နေတဲ့ အလုပ်ပေါ်မှာ focus လုပ်ရတာတွေ အားနည်းလာမယ်၊ သည်းခံနိုင်မှုအပိုင်းကလဲ ကျလာလိမ့်မယ်။ ဆိုတော့ consistency ကောင်းအောင် ဘယ်လိုအလုပ်ရမလဲပေါ့။ အပျင်းမကြီးပါနဲ့။ အပျင်းမကြီးပါနဲ့။ အပျင်းမကြီးပါနဲ့။ မှားဖတ်မိတာမဟုတ်ဘူး။ အရေးကြီးဆုံးက အဲ့ဒါပဲ၊ ကိုယ်လုပ်စရာရှိတာတွေ၊ ဘာလုပ်ရမယ်ဆိုတာက ကိုယ့်ခေါင်းထဲမှာ ရှိပြီးသား၊ ပွင့်ပွင့်လင်းလင်းပြောရရင် အားလုံးဆီမှာ ကိုယ်ပိုင်အနာဂတ်ဆိုတာတောင် ပုံဖော်ထားကြပြီးသား။…

Career

Junior Level ကနေနောက်တစ်ဆင့်တတ်မယ်ဆို ဘာတွေလိုအပ်မှာလဲ။

ကျနော် ဒီ article မှာ Junior level ကနေ up level ကိုသွားတဲ့အချိန် experience year ကိုအဓိက ထားပြီးပြောသွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အချိန်အတိုင်းအတာတစ်ခုဆို depending on our actions , ကျနော်တို့လုပ်ဆောင်ချက်ပေါ်တွေမူတည်ပြီးတော့ ကွဲပြားသွားမှာပါ၊ may be short or longer. ဒါကြောင့် ကျနော် ဒီဆောင်းပါးမှာ တစ်ခြား အဓိက ကျတဲ့ hard & soft skills တွေကို focus လုပ်ပြီးပြောသွားမှာပဲဖြစ်ပါတယ်။ ဆိုတော့ Junior level ကနေ…

Career

Programmer အနေနဲ့ Oversea မှာအလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့အခါ

Programmer အနေနဲ့ Oversea မှာအလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့အခါ Oversea မှာအလုပ်လုပ်ဖို့ စဉ်းစားထားတယ်ဆို အဓိကအားဖြင့် ပြင်ဆင်ထားဖို့ လိုအပ်တာနှစ်ပိုင်းရှိပါတယ်။ ဘာသာစကားနဲ့ သက်ဆိုင်ရာနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုပါ။ ဒီနေ့ ကျနော် ဘာကြောင့် အဲ့ဒီ နှစ်ခုက အရေးကြီးပြီးတော့ ပြင်ဆင်ထားဖို့လိုအပ်လဲ ရေးသွားမှာပါ။ အစကတော့ နည်းပညာအပိုင်းပဲ ဦးစားပေးပြီးရေးမလို့ ဒါပေမယ့် နှစ်ခုလုံး တစ်ပါတည်းရေးလိုက်ပါတယ်။ ဘာသာစကား နဲ့ အရင်စရအောင်။ In Your Daily Life ဘာသာစကားက အဓိက နှစ်နေရာမှာ အသုံးပြုရမှာပါ။ Oversea မှာသွားနေပြီဆိုကတည်းက အရာရာဟာ ကိုယ့်အတွက် အသစ်ဖြစ်မှာပါ။ နေရထိုင်ရ…

Career, General

Web Developer တစ်ယောက်ဖြစ်ဖို့ဘာတွေလေ့လာရမလဲ၊ (Basic To Advance)

ကျနော်အရင်က programmer တစ်ယောက်ဖြစ်ဖို့လေ့လာရမှာတွေရေးခဲ့တယ်၊ အဲ့ဒါကတော့ general ပေါ့လေ၊ ဒီ link မှာကြည့်နိုင်ပါတယ်။https://www.aprogrammer.blog/2019/12/12/how-to-become-a-programmer/ အခုက web အပိုင်းအတွက်ဦးစားပေးပြီးရေးပေးသွားပါမယ်။ တစ်ခုခြင်းဆီ detail တော့ဝင်သွားမှာမဟုတ်ပါ။ web development ကို categorize လုပ်မယ်ဆို frontend, backend , web fullstack ဆိုပြီးခွဲလို့ရတယ်၊ ဒါပေမယ့် ကိုယ်က beginner တစ်ယောက်ဆို အဲ့ဒါတွေသွားကြည့်စရာမလိုသေးဘူး၊ အခြေခံအပိုင်းကို frontend ရော backend ရော လေ့လာဖို့တာဝန်ရှိတယ်။ Fundamental First ပထမဦးဆုံးလေ့လာရမှာက HTML, CSS, JS Web ပိုင်းကိုလာမယ်ဆို…

Career

Interview အတွက် ပြင်ဆင်ထားသင့်တဲ့အချက်များ

ဟိုတစ်လောက programmer တွေအလုပ်စမဝင်ခင်ပြင်ဆင်ထားသင့်တဲ့ technical skill များဆိုတဲ့ article ပြန်တတ်လာတာနဲ့ Interview အတွက်ပြင်ဆင်ဖို့အသေးစိတ်ရေးပေးမယ်ပြောပြီး မေ့နေတာနဲ့ အခုရေးပေးလိုက်ပါတယ်။ အရင် article ကို ဒီမှာသွားဖတ်လို့ရပါတယ်။Programmer အနေနဲ့ အလုပ်ဝင်တော့မယ်ဆို technical ပိုင်းအရ ပြင်ဆင်ထားသင့်သောအရာများhttps://www.aprogrammer.blog/2019/12/12/programmer-jobhunting2/ ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်က ကိုယ့်ရဲ့ Portfolio & Resume Portfolio အတွက်ကတော့ ကျောင်းအတွက်လုပ်ထားတဲ့ project တွေရှိမယ်၊ သင်တန်းက ဆိုရင်လည်း သင်တန်းမှာလုပ်ထားတဲ့ project တွေရှိမယ်လို့ထင်ပါတယ်။ ကိုယ်လုပ်ထားတဲ့ project တွေကို ထပ်ပြီး မွမ်းမံတာပဲဖြစ်ဖြစ် အသစ်ထပ်ရေးတာပဲဖြစ်ဖြစ် သပ်သပ်ရပ်ရပ်နဲ့ ပြင်ဆင်ထားဖို့လိုပါတယ်။…

Career

Programmer career နှင့် ဂျပန် software industry (Questions and answers included)

ကျနော်ပြီးခဲ့တဲ့တစ်ပတ်က ဂျပန်မှာ programmer အနေနဲ့ အလုပ်လုပ်တဲ့နေရာမှာ ကျနော်ကြုံခဲ့ရတာတွေကို ယေဘုယျအားဖြင့်ပြောသွားပါတယ်။ chat box က questions အားလုံးကို ဖြေပေးဖို့အဆင်မပြေတာကြောင့် အခုလို post တစ်ခုနဲ့ ထပ်ရေးပေးလိုက်ပါတယ်။ ဒီ post မှာ တော်တော်များများမေးကြတဲ့ questions တွေပါမယ်။ ပြီးတော့ highlight လုပ်ပေးချင်တာလေးတွေထည့်ရေးပေးသွားပါမယ်။ ပထမဦးဆုံး အရေးကြီးတာလေးတွေကို ကျနော် အရင်ပြောသွားပါမယ်။ ဒါကတော့ အရင် post ပါ။ https://www.facebook.com/permalink.php?story_fbid=931148417241203&id=100010381592688 ဂျပန်ကအခုလက်ရှိအခြေနေမှာ တော်တော်လေးပြည့်စုံတဲ့ နိုင်ငံတစ်ခုလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ လည်း အားနည်းချက်လေးတွေရှိပါတယ်။ ဘာနဲ့ သက်သေပြလို့ရလဲဆိုတော့ အရင်တုန်းက europe…

Career

Programmer တစ်ယောက်အဖြစ် ဂျပန်ရောက်ပြီး တစ်လအကြာ

Nov 10 ရက်နေ့ ကျနော် ဂျပန်ရောက်တာတစ်လပြည့်ပါပြီ။ ရန်ကုန်ကနေပြီး ဒီရောက်တဲ့အထိ ဖြတ်သန်းခဲ့ရတာတွေနဲ့ ဒီမှာရှိတဲ့အချိန်ကြုံတေ့ွ ရတာတွေကို ဒီ article ကနေတစ်ဆင့် sharing ပြန်လုပ်ပေးလိုက်ပါတယ်။ ဂျပန်မှာများသောအားဖြင့် အလုပ်လုပ်ချင်တယ်ဆို agent ကနေတစ်ဆင့် Join ကျရတာများပါတယ်။ တစ်ချို့ japan company တွေကလဲမြန်မာနိုင်ငံမှာ training class လာဖွင့်ပြီး Japan ကိုပို့ကျပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုက ကိုယ့်အားကိုယ်ကိုးပြီး Japan က Job site တွေမှာ apply လုပ်တာပါ။ ဂျပန်မှာလုပ်မယ်ဆိုရင်တော့ 90 percent company က ဂျပန်စကား…

Career

Programmer အနေနဲ့ အလုပ်ဝင်တော့မယ်ဆို technical ပိုင်းအရ ပြင်ဆင်ထားသင့်သောအရာများ

ဟိုတစ်လောတုန်း က ကျနော် programmer တစ်ယောက်အနေနဲ့ အလုပ်စရှာတော့မယ်ဆိုရင် ယေဘုယျအားဖြင့် ဘာတွေလိုအပ်လဲဆိုတာကို ရေးပေးထားပါတယ်။ အောက်က link မှာသွားဖတ်ကြည့်လို့ရပါတယ်။ http://bit.ly/2YWghbQ ဒီနေ့မှာတော့ ယေဘုယျအားဖြင့် မဟုတ်တော့ဘဲ နည်းပညာပိုင်းဘက် (hard skill) တွေက နေ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ ကျနော်သိသလောက် ပြန် sharing လုပ်ပေးလိုက်ပါမယ်။ ပထမဆုံးအားဖြင့် အရေးကြီးတာကတော့ ကိုယ်လုပ်မယ့် area ရဲ့ language တစ်ခု ကို အကျွမ်းတဝင် ဖြစ်ထားရပါမယ်။ ဆိုလိုချင်တာက ကိုယ်က web development ဘက်သွားမယ့်လူဆို သူနဲ့သက်ဆိုင်တဲ့ language ၊ android…