Trending News

General

Project Domain ဆိုတာ

Project Domain ဆိုတဲ့အရာကိုလုပ်ငန်းခွင် ဝင်နေတဲ့သူတွေဆိုရင် အနည်းနဲ့အများသိကြပေမယ့် အပြင်ဘက်က လူတွေဆိုရင် မသိကြတာများပါတယ်။ ကျနော် ဒီနေ့ Project Domain အကြောင်းရယ်၊ ဘာကြောင့်သူက အရေးပါတယ်ဆိုတာကို ရေးပေးသွားမှာဖြစ်ပါတယ်။ Project Domain ဆိုတာ Project တစ်ခုရဲ့ အလုပ်လုပ်ပုံ flow တွေ , logically အလုပ်လုပ်ပုံတွေ project ထဲမှာရှိတဲ့ modules တစ်ခုနဲ့ တစ်ခု ချိတ်ဆက်သွားလာတဲ့ပုံစံတွေနဲ့ ပတ်သတ်တဲ့ အရာတွေအားလုံးကို project တစ်ခုရဲ့ domain လို့ခေါ်ပါတယ်။ ရှင်းရှင်းပြောရရင် project တစ်ခုလုံးရဲ့ စ၊လယ်၊ဆုံး သုံးပါးလုံးကို သေချာသိထားတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။…

Career

Programming Career မိတ်ဆက်

ဒီဆောင်းပါးဟာ Programming ဆိုတာကို မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်။ 10တန်းအောင်စာရင်းတွေလည်း မကြာသေးခင်ကမှ ထွက်ထားတော့ လူငယ်တွေက မိမိရှေ့ဆက်ပြီး လေ့လာရမယ့်၊ လျှောက်လှမ်းရမယ့် career အကြောင်းကို စဉ်းစားနေလောက်ကြပါပြီ။ ကျနော် ဒီနေ့ လူငယ်တွေထည့်သွင်း စဉ်းစားသင့်တဲ့ Programmer career အကြောင်းကို မိတ်ဆက်ပေးသွားပါမယ်။ အရင်ကလည်း ပြောထားခဲ့ဖူးပေမယ့်လို့ ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တာကြောင့် အသစ်ထပ်ရေးလိုက်ပါတယ်။ ပထမဦးဆုံး programming ဆိုတဲ့ ဘာသာရပ်က ဘာလဲဆိုတာကို meaning ဖွင့်ဖို့လိုပါတယ်။ ကျနော် ၁၀တန်းပြီးတုန်းကတော့ programming ဆိုတာ အသာထား၊ IT ဆိုတဲ့ စကားလုံးကိုပဲသိတယ်။ IT မှာမှ Hardware…

Learning

နည်းပညာအသစ်တစ်ခုလေ့လာတဲ့နေရာမှာ

Programmer တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ နည်းပညာအသစ်အသစ်တွေ လေ့လာနေရမှာက မိမိရဲ့ career progression အစိတ်အပိုင်းတစ်ခုလိုဖြစ်လာပါပြီ။ ကျနော်ဒီနေ့ နည်းပညာအသစ်တစ်ခုလေ့လာတဲ့နေရာမှာ ဘယ်လို အချက်လေးတွေ သိထားရင် learning လုပ်ရတဲ့ နေရာမှာ အချိန်တိုတိုနဲ့ efficiency ကောင်းကောင်းလေ့လာနိုင်မယ်ဆိုတာ ရေးပေးသွားပါမယ်။ An Effective Learning Kit ဒီအချက်ကတော့ ကျနော်လက်ရှိအထိလုပ်နေတဲ့ ပုံစံတစ်ခုပါ။ ကိုယ် တစ်ခုခုလေ့လာပြီဆိုရင် (ဘာပဲလေ့လာလေ့လာ) အရင်ဆုံး data လိုက်စုတတ်တဲ့ အကျင့်တစ်ခုရှိတယ်။ အသုံးဝင်လောက်မယ့် tutorial links တွေ၊ download ချထားတဲ့ course တွေ၊ ကိုယ်တိုင်လေ့လာပြီး ရေးထားတဲ့ notes…

Career

ကောက်ရိုးမီး မဖြစ်စေဖို့

Programming လောကမှာတင်မဟုတ်ဘူး၊ ဘယ်နေရာမဆို လေ့လာသင်ယူတဲ့နေရာမှာ consistency ကောင်းဖို့လိုပါတယ်။ မြန်မာမှုပြုရရင် ဇွဲကောင်းဖို့လိုပါတယ်။ ဘာကြောင့် consistency ကောင်းဖို့လိုတာလဲပေါ့၊ အကြောင်းရင်းကတော့ consistency ကောင်းကောင်းမထားနိုင်သမျှ ကောက်ရိုးမီးပဲဖြစ်နေပြီး ဘယ်အရာမှ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာမှာမဟုတ်ဘူး။ ဒါတင်မဟုတ်ဘူး၊ ဇွဲလုံ့လ ဆုတ်ယုတ်လာပြီဆို လုပ်နေတဲ့ အလုပ်ပေါ်မှာ focus လုပ်ရတာတွေ အားနည်းလာမယ်၊ သည်းခံနိုင်မှုအပိုင်းကလဲ ကျလာလိမ့်မယ်။ ဆိုတော့ consistency ကောင်းအောင် ဘယ်လိုအလုပ်ရမလဲပေါ့။ အပျင်းမကြီးပါနဲ့။ အပျင်းမကြီးပါနဲ့။ အပျင်းမကြီးပါနဲ့။ မှားဖတ်မိတာမဟုတ်ဘူး။ အရေးကြီးဆုံးက အဲ့ဒါပဲ၊ ကိုယ်လုပ်စရာရှိတာတွေ၊ ဘာလုပ်ရမယ်ဆိုတာက ကိုယ့်ခေါင်းထဲမှာ ရှိပြီးသား၊ ပွင့်ပွင့်လင်းလင်းပြောရရင် အားလုံးဆီမှာ ကိုယ်ပိုင်အနာဂတ်ဆိုတာတောင် ပုံဖော်ထားကြပြီးသား။…

Career

Junior Level ကနေနောက်တစ်ဆင့်တတ်မယ်ဆို ဘာတွေလိုအပ်မှာလဲ။

ကျနော် ဒီ article မှာ Junior level ကနေ up level ကိုသွားတဲ့အချိန် experience year ကိုအဓိက ထားပြီးပြောသွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အချိန်အတိုင်းအတာတစ်ခုဆို depending on our actions , ကျနော်တို့လုပ်ဆောင်ချက်ပေါ်တွေမူတည်ပြီးတော့ ကွဲပြားသွားမှာပါ၊ may be short or longer. ဒါကြောင့် ကျနော် ဒီဆောင်းပါးမှာ တစ်ခြား အဓိက ကျတဲ့ hard & soft skills တွေကို focus လုပ်ပြီးပြောသွားမှာပဲဖြစ်ပါတယ်။ ဆိုတော့ Junior level ကနေ…

Design Pattern

Factory Method Design Pattern

Factory Method ဆိုတာဘာလဲ။ (Objective) Interface တစ်ခု support လုပ်ပေးပြီးတော့ အဲ့ဒီ interface ကနေမှတစ်ဆင့် object တွေ create လုပ်နိုင်ပါတယ်။ create လုပ်ထားတဲ့ object type တွေကို subclass တွေမှလည်း တစ်ဆင့် ပြောင်းလဲခြင်းတွေပြုလုပ်နိုင်ပါတယ်။ ဒီလိုမျိုး object creations တွေပါလို့ factory method က creational design patterns category အောက်ကို ရောက်သွားပါမယ်။ ဘယ်လိုနေရာမှာအသုံးဝင်နိုင်လဲ။ (Usage) ဘယ်လိုနေရာမှာသုံးလဲ သိနိုင်ဖို့ ပထမဆုံး issue တစ်ခု sample…

General

CDN အကြောင်းတစ်စေ့တစ်စောင်း

CDN ဘယ်လိုအလုပ်လုပ်လဲ မသိခင်မှာ ပထမဦးဆုံး cdn ကဘာလဲဆိုတာ သိဖို့လိုပါတယ်။ ကိုယ်က Web Developer တစ်ယောက်ဆိုရင်တော့ cdn နဲ့သိပ်မစိမ်းပါဘူး။ ကိုယ့်ရဲ့ project ထဲမှာ cdn ကယူထားတဲ့ js တွေ jquery တွေ စသည်ဖြင့် assets တွေအများကြီးရှိပါတယ်။ ဘာလို့ cdn ကိုသုံးရလည်းဆိုတော့ request delay ဖြစ်နိုင်တဲ့ problem ကြောင့်၊ ဥပမာဆိုပါစို့၊ ကိုယ်က ကိုယ့် project ထဲမှာ js file တစ်ခုကို load လုပ်လိုက်တယ်။ ကိုယ်က Yangon…

Soft Skill

Be Patient and humble

ကျနော်တို့အနေနဲ့ ဘယ် career ကိုပဲလျှောက်လျှောက် ဘယ်အလုပ်ကိုပဲလုပ်လုပ် ဒီ နှစ်ချက်ကို ဆွဲကိုင်ထားဖို့လိုပါတယ်။ ကိုယ်ဘာမှမဖြစ်သေးတဲ့အချိန်မှာ သည်းခံတတ်ဖို့နဲ့ နေရာတစ်ခုရောက်လာတဲ့ အချိန်မှာလည်း humble ဖြစ်အောင်နေတတ်ဖို့ပါ။ ဒီနှစ်ချက်ကိုဘာလို့ လက်ကိုင်ထားသင့်လဲဆိုတာ ကျနော်ဒီနေ့ပြောပေးသွားပါမယ်။ Be Patient ဘယ်အလုပ် လုပ်လုပ် အားလုံး 0 ကနေစကြရတာပဲ၊ ကိုယ်မသိတာ မတတ်တာ နားမလည်တာ စုံလို့ပေါ့။ အဲ့လိုအချိန်မှာ ကိုယ်က သည်းခံနိုင်ဖို့လိုပါတယ်။ သည်းခံတယ်ဆိုတဲ့ နေရာမှာ အချိန်ကိုသည်းခံရတာရှိတယ်။ လုပ်ငန်းခွင်က pressure တွေကို သည်းခံရတာဆိုပြီး ထပ်ကွဲသွားလိုက်မယ်။ ဘာလို့အချိန်ကို သည်းခံရမှာလဲလို့ မေးစရာရှိတယ်။ အလုပ်တစ်ခုမှာ ကျွမ်းကျင်ဖို့ professional…

Design Pattern

UML (Unified Modeling Language) – Part 4

Part 4 – Object & Interaction DiagramUML အကြောင်းရေးတာ အပိုင်း 4 ရောက်လာပါပြီ၊ နောက်ဆုံးအပိုင်းပေါ့။ ဒီအပိုင်းမှာ object & interaction diagram အကြောင်း ရေးပေးသွားပါမယ်။ စလိုက်ရအောင်။ Object DiagramObject နဲ့ Interaction Diagram က အရမ်းမရှုပ်ဘူး၊ Object Reference ဖြစ်သွားပြီဆို ဖြစ်သွားတဲ့ Object Instance တွေကို arrow နဲ့လိုက်ပြီး indicate လုပ်လိုက်ရုံပဲ။ သူ့ object diagram ရဲ့ naming convention ကတော့…

Career

Programmer အနေနဲ့ Oversea မှာအလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့အခါ

Programmer အနေနဲ့ Oversea မှာအလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့အခါ Oversea မှာအလုပ်လုပ်ဖို့ စဉ်းစားထားတယ်ဆို အဓိကအားဖြင့် ပြင်ဆင်ထားဖို့ လိုအပ်တာနှစ်ပိုင်းရှိပါတယ်။ ဘာသာစကားနဲ့ သက်ဆိုင်ရာနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုပါ။ ဒီနေ့ ကျနော် ဘာကြောင့် အဲ့ဒီ နှစ်ခုက အရေးကြီးပြီးတော့ ပြင်ဆင်ထားဖို့လိုအပ်လဲ ရေးသွားမှာပါ။ အစကတော့ နည်းပညာအပိုင်းပဲ ဦးစားပေးပြီးရေးမလို့ ဒါပေမယ့် နှစ်ခုလုံး တစ်ပါတည်းရေးလိုက်ပါတယ်။ ဘာသာစကား နဲ့ အရင်စရအောင်။ In Your Daily Life ဘာသာစကားက အဓိက နှစ်နေရာမှာ အသုံးပြုရမှာပါ။ Oversea မှာသွားနေပြီဆိုကတည်းက အရာရာဟာ ကိုယ့်အတွက် အသစ်ဖြစ်မှာပါ။ နေရထိုင်ရ…