Extensive PHP Practice

သင်တန်းစတင်လေ့လာမည်

ဤအတန်းမှတစ်ဆင့်လိုအပ်သည့်နေရာများသို့ အလှူငွေ 1,057,152 ကျပ်ထောက်ပံ့ပေးထားပြီးပါပြီ။

Pure PHP နဲ့ MySQL ကို အသုံးပြုပြီးတော့ လက်တွေ့ Project တွေရေးသားပြီး လေ့ကျင့်ပေးသွားမည်ဖြစ်ပါတယ်။ PHP နဲ့ ပတ်သတ်တဲ့ security measurings တွေကိုပါ ထည့်သွင်း သင်ကြားပေးသွားမယ့်အပြင် MVC Framework တွေကို ချဉ်းကပ်နည်းကိုပါ သင်ကြားပေးပြီးတော့ Laravel framework ကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘာတွေပါမလဲဆိုတဲ့ course outlines အသေးစိတ်ကိုတော့ သင်ရိုးများဆိုတဲ့ tab မှာကြည့်ရှုနိုင်ပါတယ်။

မေးလေ့ရှိသည်များ

ဘယ်လိုလူတွေတက်လို့ရလဲ ?

PHP & MySQL ကိုအခြေခံရှိထားတဲ့လူတွေတတ်ရောက်နိုင်ပါတယ်။ CRUD လောက်ရေးထားနိုင်တယ်ဆို ပိုကောင်းပါတယ်။

Week 1

သင်တန်းအစမှာ လိုအပ်တဲ့ revisions တွေနဲ့ environment setup လုပ်သွားပါမယ်။

  • Environment setup
  • PHP & MySQL Revisions
  • Command Line Interface

Week 2

version control system တစ်ခုဖြစ်တဲ့ GIT အကြောင်းကိုသင်ကြားပြီး ToDo App တစ်ခုကိုစတင်ရေးသားသွားမှာဖြစ်ပါတယ်။

  • Environment Setup
  • Command Line Interface

Week 3

Admin & Customer Panel နှစ်ခုလုံးပါတဲ့ medium size blogging system တစ်ခုတည်ဆောက်သွားပါမယ်။

  • Admin Panel Blog module management
  • Viewer panel blog browsing module

Week 4

Pure PHP ကိုအသုံးပြုခြင်းအားဖြင့် ဘယ်နေရာတွေက ယိုပေါက်ရှိတတ်ပြီး ဘယ်လိုcover လုပ်ထားရမယ်ဆိုတာ သင်ကြားသွားမှာဖြစ်ပါတယ်။

  • Theories about security vulnerabilities
  • How to cover using pure PHP
  • Fixing holes back in our blog application

Week 5

ကျန်ရှိတဲ့ week 5,6,7 မှာ Admin & Customer Panel နှစ်ခုလုံးပါတဲ့ ဈေးဝယ်တဲ့ medium size shopping site တစ်ခုဖန်တီးသွားမှာဖြစ်ပါတယ်။

  • Template setup
  • Database structure setup
  • Admin Panel part 1 (authentication
  • user & category modules)

Week 6

Shopping System Part 2

  • Admin Panel part 2 (product & order modules)
  • Customer Panel part 1 (authentication. category & product browsing & product detail)

Week 7

Shopping System Final

  • Customer Panel part 2 (add to cart | cart page order & checkout)
  • Admin Panel Reporting (weekly | monthly | bestseller)

Week 8

MVC Framework ဆက်လေ့လာသွားနိုင်ဖို့အတွက် လိုအပ်တာတွေ ဖြည့်ပေးပြီး Laravel Framework ကို Introduction လုပ်ပေးသွားမှာဖြစ်ပါတယ်။

  • MVC Architecture | PSR | Namespacing | Autoloading | PHP OOP
  • Knowledge sharing of Laravel Framework

သင်တန်းအပ်နှံအပြီး Admin တွေဘက်မှလက်ခံပေးပြီးသည်နှင့်တစ်ပြိုင်နက် Week 1 to 8 Lecture videos တွေကို မိမိဘာသာ အစအဆုံး အစဉ်လိုက်စတင်လေ့လာနိုင်ပြီဖြစ်ပါတယ်။ Assignment တင်ရန်နှင့် မေးခွန်းမေးရန်အတွက် Facebook Group တစ်ခုဖန်တီးပေးထားပါသည်။

Reviews

နေရာအခက်အခဲကြောင့် Reviews အချို့ကိုသာ ဖော်ပြထားခြင်းဖြစ်ပါသည်။ Reviews အားလုံးကို A Programmer Page Album ထဲတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

Go To Page Album
Aung Min Khant
Web Developer

Laravel နဲ့ ရေးတတ်ပေမဲ့ php နဲ့ project ရေးဆိုမရေးတတ်တဲ့ လူတွေအတွက်တော်တော်လေးသင့်တော်ပါတယ်။ ကျနော်ဆို php ရဲ့ behind the scene အလုပ်လုပ်ပုံသေချာမသိလို့ laravel နဲ့ project ရေးတဲ့အခါ စိတ်ထဲမသန့်သလို ခံစားရလို့ ဒီ course ကို join ဖြစ်ခဲ့ပါတယ်။ php , mysql နဲ့ ပက်သက်ပြီး စုံစုံလင်လင်သင်ကြားပေးပါတယ်။ PHP နဲ့ ပက်သက်ပြီး တခုမကျန် မေးသမျှ ရှင်းပြတဲ့ course တလျောက်လုံးအတွက် ကျေးဇူးတင်ပါတယ် ဆရာ။

Naing Win Aung
Web Developer

PHP ကို Basic knowledge တွေ သိပီး ဘာproject မှမလုပ်ပဲ Framework တမ်းလုပ်တာ ထပ်စာရင် ဒီ Course က အရမ်း အကျိုးရှိပါတယ်။ project တခုကို ဘယ်လို approach လုပ်ရမလဲတွေ class diagram စဉ်းစားပုံတွေ project လုပ်လိုက်တော့ PHP ရဲ့ syntax တွေ မေ့မသွားတော့ပဲ ပို မှတ်မိလာပါတယ်။ မေးသမျှ အကုန်လုံး ရှင်းပြပေးတဲ့ ဆရာ့ကိုလဲ ကျေးဇူးတင်ပါတယ် Laravel Class လဲ စောင့်မျှော်နေပါတယ် ဆရာ။

Hein Htet
Web Developer

PHP အခြေခံရှိပြီး project ရေးချင် တဲ့ သူတွေ အတွက်အရမ်းအဆင်ပြေတဲ့သင်တန်းပါ ကျွန်တော်ဆို laravel project တွေတော့ရေးနေပေမဲ့ phpကို crud လောက်ပဲသိပြီး Laravelကိုလေ့လာခဲ့တာ phpကို သေချာပြန်လုပ်ချင်သူတွေ အတွက် တက်သင့်တဲ့သင်တန်းတစ်ခုပါ

Yan Naing Aung
Web Developer

PHPအခြေခံသိထားပြီးသားသူတွေ အတွက် web-project တစ်ခုလုံး ရေးဖို့ ကျမနိုင်မနဲဖြစ် ပါတယ်။ ကျွန်တော်‌အနေနဲ့ လည်း project တစ်ခုလုံးကို တစ်ယောက်တည်း မရေးဖြစ်ပါဘူး၊ ဒီအတန်းကနေတော့ web project အပြည့်အစုံ ကိုရေးဖို့ guide line ပေးတဲ့အတွက် project practice လုပ်ချင်တဲ့သူ၊ ကိုယ်တိုင် website ရေးချင်တဲ့သူတွေ အတွက် အထောက်အကူ ဖြစ်ပါတယ်။ပြီးတော့ last week မှာလဲ php framework(laravel) အကြောင်းလဲပြောပြသွားတာမို့ ဆက်ပြီးလေ့လာသွားလို့ ရပါတယ်။

Yoon Yati
Web Developer

အရင်ကမသိခဲ့တာတွေအများကြီးသိသွားပါတယ်။အရင်ကPHPသင်ဖူးပေမဲ့projectသိပ်မရေးရတော့နားမလည်တာတွေအခုသင်တန်းမှာနားလည်ပြီးတော်တော်အ‌တွေ့အကြုံရသွားပါတယ်။

Hnin San Hlaing
Web Developer

PHP ကို FWD အတန်းမှာ စလေ့လာဖြစ်တာပါ ပြီးတော့ဒီသင်တန်းကproject တွေ လုပ်ဖြစ်ရင်းနဲ့ ပိုနားလည်လာပါတယ်။ ကိုယ်မသိတဲ့အရာတွေအများကြီးသိခွင့်ရခဲ့ပါတယ်။အသေးစိတ်ကအစရှင်းပြပေးတဲ့အတွက်လည်းကျေးဇူူတင်ပါတယ်ဆရာ။

See More
သင်တန်းအတွက် ထပ်မံစုံစမ်းရန်