Fundamental Web Development

သင်တန်းစတင်လေ့လာမည်

ဤအတန်းမှတစ်ဆင့်လိုအပ်သည့်နေရာများသို့ အလှူငွေ 6,295,856 ကျပ်ထောက်ပံ့ပေးထားပြီးပါပြီ။

Web Development ကို စတင်လေ့လာမည့်သူတွေအတွက် လိုအပ်တဲ့ သီအိုရီနဲ့လက်တွေ့ကိုတစ်ပါတည်းသင်ကြားသွားမှာဖြစ်ပါတယ်။ နောက်ဆုံးအပတ်မှာ bonus lectures တွေအနေနဲ့ ရှေ့ဆက်လေ့လာသင့်တာတွေနဲ့ အလုပ်ရှာဖို့ပြင်ဆင်ထားသင့်တာတွေကိုပါ တစ်ခါတည်း sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ သင်ကြားမည့် အသေးစိတ် outline ကို သင်ရိုးများဆိုတဲ့ Tab မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မေးလေ့ရှိသည်များ

ဘယ်လိုလူတွေတက်လို့ရလဲ ?

Computer basic ပြီးထားတဲ့လူတွေဆိုစတတ်လို့ရပါတယ်၊ End User level လောက်အတွေ့အကြုံရှိထားရင်ပိုကောင်းပါတယ်။ အနည်းဆုံး software တွေကို install uninstall လုပ်တတ်ရင် အဆင်ပြေပါတယ်။

သင်တန်းတတ်ဖို့ဘာတွေလိုအပ်မလဲ ?

Laptop လိုပါတယ်။ browser တစ်ခုကောင်းကောင်း run လို့ရရင်အဆင်ပြေပါပြီ။

Week 1

သင်တန်းမိတ်ဆက်ပေးပြီးတော့ Coding စမရေးခင်မှာလိုအပ်မယ့် knowledge တွေအရင်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

  • Class Introduction
  • Fundamental Theories

Week 2

စက်ထဲမှာ environment setup လုပ်မယ်၊ အသုံးများတဲ့ အခြေခံ Linux command တွေကိုသင်ကြားပေးသွားပါမယ်။

  • Environment Setup
  • Command Line Interface

Week 3

HTML, CSS ကိုဆက်လက်သင်ကြားပေးသွားပါမယ်။ သင်ကြားပြီးတဲ့အချိန်မှာ responsive ဖြစ်တဲ့ template တစ်ခုတည်ဆောက်သွားပါမယ်။

  • HTML Lecture
  • CSS Lecture
  • HTML + CSS (Template Practice)

Week 4

JavaScript သင်ကြားသွားပါမယ်။ သင်ကြားပြီးတဲ့အချိန်မှာလည်း လေ့ကျင့်ခန်းလေးတွေလုပ်သွားပါမယ်။

  • JavaScript Lecture
  • JavaScript Practice Projects

Week 5

PHP နဲ့ MySQL ကိုသင်ကြားသွားပါမယ်။

  • PHP Lecture
  • MySQL Lecture

Week 6

PHP & MySQL သင်ကြားပြီးတဲ့အချိန်မှာလည်း လက်တွေ့ project တစ်ခုတည်ဆောက်သွားပါမယ်။

  • Project Practice using PHP & MySQL Part 1
  • Project Practice using PHP & MySQL Part 2

Week 7

Object Oriented Programming ကို ဥပမာ တွေနဲ့တကွသင်ကြားသွားပါမယ်။ MVC အကြောင်း ကိုလည်း မိတ်ဆက်သွားပါမယ်။

  • PHP OOP Lecture
  • MVC Architecture

Week 8

version control system တစ်ခုဖြစ်တဲ့ GIT အကြောင်းကိုထည့်သွင်းသင်ကြားသွားပြီးတော့နောက်ဆုံးမှာ သင်တန်း ကို အဆုံးသတ်ပြီးတော့ရှေ့ဆက်လေ့လာရမှာတွေကို လမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်။

  • Git Lecture
  • Conclusion & Bonus Lectures

Youtube မှတစ်ဆင့်တိုက်ရိုက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ မေးစရာမေးခွန်းနဲ့ assignments တင်ဖို့လင့်ခ်တွေကိုလည်း Youtube video description မှာထည့်ပေးထားပါတယ်။

Reviews

နေရာအခက်အခဲကြောင့် Reviews အချို့ကိုသာ ဖော်ပြထားခြင်းဖြစ်ပါသည်။ Reviews အားလုံးကို A Programmer Page Album ထဲတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

Go To Page Album
Kaung Myat Naing
Web Developer

တကယ်ကို အကျိုးကျေးဇူးအများကြီးရခဲ့ပါတယ် .လိုအပ်တဲ့ coding တွေသာမက သိသင့်သိထိုက်တဲ့ knowledge တွေ ဆရာ့ရဲ့အတွေ့အကြုံတွေကိုပါ sharing လုပ်ပေးယုံတင်မက ကိုယ်တိုင် selfstudy လုပ်သွားနိုင်ဖို့ လမ်းကြောင်းတွေကိုပါ စေတနာအပြည့်နဲ့ ပြသပေးတယ်၊ ရွေးချယ်မှု မှန်ခဲ့တယ်ဗျ

Shwe Thazin Phoo
Web Developer

သင်တန်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့စေတနာပါပါနဲ့ သူသိသလောက်အကုန်သိပါစေဆိုပြီးသင်ပေးတဲ့သင်တန်းရှားတယ်။ သင်တန်းကစာတင်မက ရှေ့ဆက်ဘာသွားချင်ရင်ဘာလေ့လာဆိုပြီးလမ်းကြောင်းပါပြပေးတယ်။ သင်တန်းကာလမှာစာသင်ပေးတဲ့အပြင် errorတွေလဲ ကူစစ်ပေးပါတာလဲကျးဇူးပါ

Myat Thu
Web Developer

Online class တွေလဲမတက်ဖူး Programming Field ထဲလဲအခုမှ စဝင်မှာမလို့ အစကစိုးရိမ်နေခဲဲ့တာ ဒါပေမဲ့ ဆရာသင်ကြားပုံက နားလည်လွယ်လို့ အဆင်ပြေခဲ့တယ်။မသိတာတွေ သေချာဖြေပေးတယ်။ ဆရာဆိုတာထက် Senior တစ်ယောက်က သင်ပေးသလိုမျိုးမလို့ တစ်ချို့ ဗဟုသုတလေးတွေပါ Sharing လုပ်ပေးတော့ တကယ်ကို မိုကိတယ်။

Myo Su Mon Aung
Web Developer

သဘောကျမိတဲ့ အချက်က သင်ခန်းစာတွေကို လိုရင်းတိုရှင်းနဲ့ သင်ပြပေးတာပဲ။ အပတ်တိုင်း Assignment ပေးတာလည်း သဘောကျတယ်။ စာပုံမှန်လုပ်ဖြစ်သွားတယ်၊ သင်လိုက်တဲ့ အရာတိုင်းက တစ်ဆင့်ပြီးတစ်ဆင့် ကွင်းဆက်နဲ့ လိုက်ပီးလေ့လာလို့ရတဲ့ Basic concept လေးတွေ ချပြပေးထားတယ်လို ဆုမွန် မြင်မိပါတယ်။ Fundamental အနေနဲ့ တကယ်အကျိုးရှိပါတယ်

Wai Phyo Ko Ko
Web Developer

weekly assignment တွေပါပေးတဲ့အတွက်စာတွေလိုက်လုပ်ဖြစ်တဲ့အပြင် မေးခွန်းတွေမေးတဲ့အချိန်ကြရင် စိတ်ရှည်လက်ရှည်ဖြေကြားပေးပါတယ် real world mini project တွေပါအတူတူလုပ်ပေးတဲ့အတွက် တကယ်လက်တွေ့နားလည်သွားပါတယ်။ just coding lecture သာမက knowledge sharing တွေ ပါလုပ်ပေးတာကြောင့် ရှေ့ဆက်လုပ်ရမှာတွေသိသွားပါတယ် self study လုပ်နည်းတွေ sources တွေပါ sharing လုပ်ပေးတာကြောင့်ရှေ့ဆက် self study လုပ်ရတာတော်တော်လွယ်ကူသွားပါတယ်

Ei Phyu Tun Lwin
System Engineer

IT field ထဲရောက်တာ ကြာနေပီပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှူနည်းနေလို့ basic ကနေပြန်လေ့လာချင်တဲ့ ရည်ရွယ်ချက်နဲ့ join ခဲ့တာပါ ထင်တာထက်ပိုပီး အဆင်ပြေခဲ့ရပါတယ် စေတနာထားပီး အသေးစိတ်တွေ သေချာရှင်းပြပေးလို့ ကျေးဇူးလည်းတင်ပါတယ် နောင်ဖွင်မယ့် Online class တွေရှိရင်လည်း အခြေအနေအဆင်ပြေခဲ့ရင် join ချင်ပါသေးတယ် ကျေးဇူးအများကြီးတင်ပါတယ် ဆရာ

See More
သင်တန်းအတွက် ထပ်မံစုံစမ်းရန်