Web Development With Laravel

သင်တန်းစတင်လေ့လာမည်

ဤအတန်းမှတစ်ဆင့်လိုအပ်သည့်နေရာများသို့ အလှူငွေ 1,827,512 ကျပ်ထောက်ပံ့ပေးထားပြီးပါပြီ။

PHP Framework Laravel အကြောင်းကို specialize လုပ်ပြီးတော့ အခြေခံကနေ architecture concepts တွေအထိ သင်သွားမှာပါ။ မသင်ခင်မှာ PHP OOP, MySQL အစရှိတာတွေကို Revision ပြန်လုပ်ပေးသွားမယ်။ Version control system ဖြစ်တဲ့ Git အကြောင်းကိုလဲသင်သွားပါမယ်။ သင်တန်းနောက်ဆုံးအပတ်မှာလည်း laravel application ကို တစ်ကယ့် Production server ပေါ်ဘယ်လိုတင်မလဲဆိုတာနဲ့ API အကြောင်းတွေကိုပါ bonus lecture အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ course outlines ကိုတော့ သင်ရိုးများဆိုတဲ့ tab မှာကြည့်ရှုနိုင်ပါတယ်။

မေးလေ့ရှိသည်များ

ဘယ်လိုလူတွေတက်လို့ရလဲ ?

PHP & MySQL ကိုအခြေခံရှိထားတဲ့လူတွေတတ်ရောက်နိုင်ပါတယ်။ CRUD လောက်ရေးထားနိုင်တယ်ဆို ပိုကောင်းပါတယ်။ ကျနော် Revision ပြန်လုပ်ပေးထားတာတွေပါပေမယ့် အစထဲက ဒါတွေသိထားရပါမယ်။ အခြေခံရှိမှ class ကိုလိုက်မှီမှာပါ။

Week 1

PHP OOP ကိုအရင်ဆုံး revision ပြန်လုပ်ပေးသွားပြီးတော့ environment setup လုပ်ပါမယ်။

  • Environment setup
  • PHP OOP Revision

Week 2

MySQL ကို revision ဆက်လုပ်ပြီး Git ကိုသင်ကြားသွားပါမယ်။

  • Environment Setup
  • Command Line Interface

Week 3

Laravel ကို Fundamental Concepts တွေကနေ တစ်ပတ်ခြင်းဆီ တစ်ဖြည်းဖြည်းတတ်သွားပါမယ်။ week 3မှာ Routing, View, Controller နဲ့အတူ database နဲ့ချိတ်ဆက်တဲ့ အပိုင်းတွေဖြစ့်တဲ migration, seeding နဲ့ Eloquent Model အကြောင်းကိုသင်ကြားသွားပါမယ်။

  • Routing with views
  • Routing through controllers
  • Setting layout views
  • Working with data on views.
  • Migration | Seeding | Factories

Week 4

Form , Routing Conventions, Requests တွေအကြောင်းဆက်လက်ပြီး သင်ကြားပါမယ်။ form request တွေကနေလာတဲ့ data တွေအတွက် validation အပြင် name routing တို့ route model binding လုပ်တာတွေ သင်ကြားပါမယ် ။ Eloquent Relationship အကြောင်းပါတစ်ပါတည်း သင်ကြားသွားပါမယ်။

  • Form Convention Requests
  • Form validation essentials
  • Getting started with eloquent
  • Route model binding | Named Routing
  • Eloquent Relationships

Week 5

Authentication & authorization တွေကို အဓိက ထားပြီးတော့ သင်ကြားသွားပါမယ်။ user authentication process တွေပါမယ်၊ middleware ဆိုတာတွေပါမယ်။ ပြီးတော့ resources တွေကို limit လုပ်နိုင်မယ့် authorization filter တွေပါပါမယ်၊ laravel မှာသုံးတဲ့ laravel policy rule တွေကိုပါ ဘယ်လိုဖန်တီးပြီး အကျိုးရှိစွာသုံးနိုင်မလဲဆိုတာပါတစ်ပါတည်း သင်ကြားသွားပါမယ်။ frontend scaffolding လုပ်တဲ့အကြောင်းကိုလည်း ထည့်ပြောပေးသွားပါမယ်။

  • Authentications & Authorization filters
  • Middleware Usage
  • Managing Larval Policies
  • Frontend scaffolding

Week 6

Laravel ရဲ့ core concept တွေ အဓိကထားပြီး သင်ပေးသွားမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ architecture concept တှဖွေဈတဲ့ service provider , service container နဲ့ facade တွေချိတ်ဆက်အလုပ်လုပ်ပုံကို သင်ကြားပေးသွားမယ်။ laravel config အသုံးပြုပုံတွေပါမယ်။ flash messagingအကြောင်းပါမယ်။ mail ပို့တဲ့ features နဲ့ hook event အကြောင်းကိုလည်း တစ်ပါတည်းသင်ကြားသွားမှာဖြစ်ပါတယ်။

  • Larval session flash messaging
  • Service provider & container
  • Laravel Facades
  • Handling Laraval core configs
  • Sending mails integrating with mailtrap
  • Larval Hook Events

Week 7

Laravel မှာ ကျနော်ထပ်သင်ပေးချင်တဲ့အပိုင်းလေးတွေကိုထည့်ပေးထားပါတယ်။ Laravel Notification အသုံးပြုပုံ၊ event & listener အသုံးပြုပုံလေးတွေ သင်ကြားသွားပါမယ်။ Laravel livewire နဲ့ Jetstream ကိုလည်း ဗဟုသုတရအောင် ထည့်ပြီးပြောပေးထားပါတယ်။ ပြီးသွားရင် final project ဖြစ်တဲ့ restaurant ordering system စရေးဖို့ ပြင်ဆင်သွားပါမယ်။

  • Managing Larval Notifications
  • Event Listener
  • A touch to Livewire
  • A touch to jet stream
  • Building a customized final laravel project.

Week 8

ကျနော်တို့ ရေးနေတဲ့ order system ကို ဆက်ရေးပြီး finalise လုပ်သွားမှာဖြစ်ပါတယ်။ ဆက်ပြီးတော့ API ဆိုတာဘာလဲပြောပြီးတော့ API Client တစ်ခုဖြစ်တဲ့ postman အသုံးပြုပုံကိုသင်ကြားသွားပါတယ်။ laravel project တစ်ခုကို online ပေါ်မှာ ဘယ်လို setup လုပ်ရမလဲဆိုတာကိုပါ knowledge sharing အနေနဲ့ ထည့်ပေးထားပါတယ်။

  • Building a customized final laravel project
  • Sharing knowledge of API flows
  • Usage of API Client - Postman
  • Sharing knowledge of deploying laravel application to linux server using digital Ocean.

သင်တန်းအပ်နှံအပြီး Admin တွေဘက်မှလက်ခံပေးပြီးသည်နှင့်တစ်ပြိုင်နက် Week 1 to 8 Lecture videos တွေကို မိမိဘာသာ အစအဆုံး အစဉ်လိုက်စတင်လေ့လာနိုင်ပြီဖြစ်ပါတယ်။ Assignment တင်ရန်နှင့် မေးခွန်းမေးရန်အတွက် Facebook Group တစ်ခုဖန်တီးပေးထားပါသည်။

Reviews

နေရာအခက်အခဲကြောင့် Reviews အချို့ကိုသာ ဖော်ပြထားခြင်းဖြစ်ပါသည်။ Reviews အားလုံးကို A Programmer Page Album ထဲတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

Go To Page Album
Min Khant
Web Developer

Very Good Courseပါ. Laravel ကိုစတင်လေ့လာတဲ့Beginnerတွက်တော့ Theory concept + practical ကိုအချိတ်အဆက်ဆက်သွားနိုင်တဲ့ Courseတခုဆိုရင်လည်းမမှားပါဘူး တကယ့်ကို core conceptတွေကိုသိသွားတာတော့အမှန်ပါ.လေ့လာစရာများတဲ့ Frameworkတခုဖြစ်ပေမယ့် အကုန်လုံးမဟုတ်ရင်တော့ တော်တော်များများCoverဖြစ်တယ် ထပ်လေ့လာစရာတွေအတွက်လေ့လာရတာလွယ်ကူသွားမယ်လို့ယူဆတယ်။

Myat Min Maung
Web Developer

Laravel ကို အခြေခံက စပီးတော့ Advance Level ထိ လေ့လာသွားနိုင်အောင် သေချာလမ်းညွှန်ပေးနိုင်တဲ့ courseပါ။ Theory ပိုင်းနဲ့ Practical ပိုင်း ကို သေချာ ချိတ်ဆက်ပီး သင်ကြားပြသပေးပုံက ပိုပြီး နားလည် သဘောပေါက်လွယ်စေပါတယ်။ Documentation ကို အသုံးပြုပီး စည်းစနစ်တကျ ချဉ်းကပ်သင်ကြားပေးတာကို တော်တော်သဘောကျပါတယ်။ Documentation ဖတ်တတ်တဲ့အကျင့်ပါ လေ့ကျင့်ပေးသလို ဖြစ်သွားပါတယ်။ နွေးထွေးစွာ ဆက်ဆံတတ်ပြီး သင်တန်းသားတစ်ယောက်ချင်းစီရဲ့ error တွေကိုလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။

Kyaw Kyaw Lin
Web Developer

သင်ခန်းစာတွေရှင်းပြထားတာအကုန်နားလည်လွယ်ပါတယ်။documentationကြည့်တတ်တဲ့အလေ့အကျင့်ကောင်းပါရရှိပါတယ်။ မသိတာမေးရင်လည်းအမြန်ဆုံးပြန်ဖြေပေးတာကတော်တော်အဆင်ပြေတယ်ဗျ။သင်တန်းပြီးသွားတာတောင်နားမလည်တာတွေ၊errorsတွေကိုဘယ်လိုဆိုတာသေချာရှင်းပြပေးပါတယ်။တက်တဲ့သူတိုင်းအတွက်အကျိုးရှိမှာသေချာပါတယ်

Wint Wah Hlaing
Web Developer

Laravel ရဲ့ basic concept တွေကို သေချာရှင်းပြထားပေးပြီးအတော်စုံလင်အောင်သင်ပေးတဲ့အတွက် မှတ်သားစရာတွေအများကြီးရပါတယ်။ error ဖြစ်နေတာတွေကိုလည်းစိတ်ရှည်စွာနဲ့ရှင်းပြပေးပါတယ်။

Nwe Ni Aung
Web Developer

သင်တန်းတက်ရတာ အဆင်ပြေပါတယ်Online class က ဒါပထမဆုံးပါ 8 week ဆိုပေမယ့် တော်တော်စုံလင်အောင်သင်ပေးထားတော့ ပြန်တော့ revision လုပ်ရဦးမယ်Laravel documentation ကနေသွားပီး ကြည့်တာလဲ အလေ့အကျင့်ကောင်းတစ်ခုရသွား‌‌ပါတယ်

Ba Nyar Thaw
Web Developer

စာသင်တဲ့နေရာ၊ error ကူရှင်းပေးတဲ့ နေရာမှာ စိတ်အတော်လေးရှည်တယ်၊ ကောင်းတယ်

See More
သင်တန်းအတွက် ထပ်မံစုံစမ်းရန်